ကွဲပြားခြားနားတဲ့ တင်ဆက်ပုံနဲ့ “Doctor Strange in The Multiverse of Madness” ဟာ သိပ်မကြာခင် အချိန်အတွင်း ထွက်ရှိလာတော့မှာဖြစ်ပြီး ဒါရိုက်တာ Scott Derrickson ကိုယ်တိုင်လည်း အကောင်းဆုံး တာဝန်ယူ ကိုင်တွယ်ထားပါတယ်။
Derrickson ရဲ့ ပရိသတ်တွေကတော့ ၂၀၁၆ ခုနှစ်ရဲ့ Doctor Strange တုန်းကရရှိခဲ့တဲ့ ခံစားမှုအတိုင်း အခုနောက်ဆက်တွဲ ရုပ်ရှင်ကို မျှော်လင့်ထားပေမယ့် Horror အငွေ့အသက်တွေ ပါဝင်လာမှာဖြစ်တဲ့အတွက် စိတ်တိုင်းကျ မကျေနပ်နိုင်ကြပါဘူး။
Derrickson အနေနဲ့ DC ရဲ့ နောက်ထပ် ခြေလှမ်းသစ်တွေမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိခဲ့ရင် သူ့အနေနဲ့ စိတ်တိုင်းကျ ဖန်တီးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေဟာ ဒီရက်ပိုင်းအတွင်း ဆူညံနေခဲ့ပါတယ်။
သူ့ရဲ့ Twitter အကောင့်မှာတော့ DC ရဲ့ ဇာတ်ကောင်တွေကို စိတ်ဝင်တစားရှိကြောင်း တွေ့ရှိနိုင်တာဖြစ်ပြီး သူ့ရဲ့ပရိသတ်တဦးက အကယ်၍ သူ့အနေနဲ့ DC ရဲ့ Justice League Dark ကို ခံစားဖန်တီးနိုင်မလားလို့ မေးမြန်းတဲ့အခါ သူက “ကျနော် Constantine ကိုတော့ အတော်လေးစိတ်ဝင်စားပါတယ်” လို့ တုန့်ပြန်ခဲ့ပါတယ်။
Justice League Dark ဆိုတာ Constantine ဦးဆောင်တဲ့ DC ရဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး Warner Bros. ကို ခက်ခဲကြပ်တည်းစေတဲ့ ရုပ်ရှင်ပရောဂျက်တခုလည်း ဖြစ်ပါတယ်။
Hellblazer လို့ သိရှိထားကြတဲ့ Constantine ဟာ တကိုယ်တော် လှုပ်ရှားနိုင်သူတဦးဖြစ်ပြီး Derrickson စိတ်ဝင်စားမယ်ဆိုရင်လည်း စိတ်ဝင်စားစရာ ဇာတ်ကောင်တဦး ဖြစ်ပါတယ်။ အကယ်၍များ ကံကောင်းထောက်မလို့ Derrickson သာ Constantine ရုပ်ရှင်ကို ဖန်တီးခွင့်ရခဲ့မယ်ဆိုရင်တော့ နောက်ထပ် ပျော်ရွှင်မှုကို လက်ခံရရှိမယ့် သူတွေကတော့ Constantine ပရိသတ်တွေပဲဖြစ်ပါတော့တယ်။
Ref. wegotthiscovered.com
You may also like these stories:
“Doctor Strange” နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၂၀ နွေဦးကာလတွင် ရိုက်ကူးမည်
“Doctor Strange 2” ရုပ်ရှင်အတွက် စတာလင်ပေါင် ၇ ဒဿမ ၅ သန်း ကမ်းလှမ်းခံရတဲ့ Benedict Cumberbatch