tvN ရုပ်သံက စတင်ပြသနေတဲ့ဇာတ်လမ်းတွဲသစ် “Hi Bye, Mama” မှာ မင်းသမီး ကင်တေဟီးရဲ့ သမီးငယ် လေးနေရာမှာ သရုပ်ဆောင်နေသူ ကလေးသရုပ်ဆောင် Seo Woo Jin ရဲ့ ထူးခြားချက်ကတော့ ကောင်လေး ဖြစ်နေတာပါပဲ။
“Hi Bye, Mama” ဇာတ်လမ်းတွဲကို ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ထိ စိတ်ဝင်စားစေတဲ့ထဲမှာ ၅ နှစ်ကြာမှ အနုပညာအလုပ်တွေ ပြန်လည်လုပ်လာခဲ့တဲ့ မင်းသမီး ကင်တေဟီးကြောင့် အပြင် နောက်ထပ် အံ့သြသင့်စရာကတော့ မိန်းကလေး ဇာတ်ကောင်နေရာမှာ ယောက်ျားလေးကို သရုပ်ဆောင်ခိုင်းတဲ့အချက်ပါ။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး “Hi Bye, Mama” ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးအဖွဲ့က “ကလေးသရုပ်ဆောင် နေရာအတွက် သရုပ်ဆောင်ခေါ်ကြတော့ ကျနော်တို့ တကယ်လိုတာကတော့ မိန်းကလေးပါ။ ဒါပေမဲ့လည်း Seo Woo Jin က မင်းသမီး ကင်တေဟီးနဲ့ ရုပ်ချင်းဆင်တာရယ်၊ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြနိုင်တဲ့အချက်တွေက သူ့ကို ရွေးချယ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒီအကြောင်းကို သိပ်မသိတဲ့ တခြားအဖွဲ့ဝင်တွေဆိုရင် မိန်းကလေးလို့ပဲ ထင်နေကြတာ။ တကယ်သိသွားမှ အံ့သြကုန်တယ်” လို့ ဆိုပါတယ်။
အနုပညာအလုပ်တွေနားနေရာက ပြန်လည်ရိုက်ကူးဖြစ်ခဲ့တဲ့ မင်းသမီး ကင်တေဟီးကလည်း ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး “ဒီဇာတ်လမ်းတွဲအကြောင်းကို မနှစ်က ဆောင်းတွင်းတုန်းက စသိခဲ့တာပါ။ ကိုယ်တိုင်ကလည်း မိခင်တယောက်ဖြစ်နေတဲ့အချိန်မှာ ဇာတ်ညွှန်း ဖတ်ကြည့်ရင်း ငိုခဲ့ရတယ်။ ဒီဇာတ်လမ်းမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ပြီး ပရိသတ်တွေ စိတ်ထဲ တခုခု ကျန်ခဲ့စေချင်ပါတယ်။ အကောင်းဆုံးသရုပ်ဆောင်ပြီး ချာယူရီကို ပုံဖော်သွားမှာပါ” လို့ ဆိုပါတယ်။
tvN ရုပ်သံလိုင်းကနေ ဖေဖော်ဝါရီ ၂၂ ရက်က စတင်ထုတ်လွှင့်ပြသခဲ့တဲ့ “Hi Bye, Mama” ဟာ ပြသပြီး ပထမဆုံးအပတ်မှာပဲ ကြည့်ရှုနှုန်း ၇ ဒဿမ၂ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းရာကတော့ အမျိုးသမီးတဦးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပေမယ့် ကျန်ခဲ့တဲ့ ခင်ပွန်းဟောင်းနဲ့ သမီးလေးဆီကို ၄၉ ရက် ကြာ ခဏတာပြန်လာနိုင်ခဲ့ပုံကို ရိုက်ကူးထားတာပါ။
ဒါရိုက်တာ Yoo Je Won ကိုယ်တိုင်ကလည်း ချာယူရီဆိုတဲ့ အမျိုးသမီးနေရာမှာ မင်းသမီး ကင်တေဟီးကို ရွေးချယ်ဖြစ်ခဲ့ပုံက သူကိုယ်တိုင်လည်း မိခင်နေရာကဖြစ်နေတာရယ်၊ ဇာတ်လမ်းထဲမှာ သမီးလေးကို ကြည့်တဲ့ မျက်လုံးတွေကအစ အရမ်းကို အသက်ပါ ပါတယ်။ တကယ့်ဘဝထဲက မိခင်တယောက်ရဲ့ ချစ်ခြင်းမေတ္တာပြည့်နေတဲ့ အမူအရာတွေကို ဖော်ပြနိုင်လို့ ကျေနပ်မိတယ်လို့ ဆိုပါတယ်။
Ref: Soompi
You may also like these stories:
Constantine ရုပ်ရှင်အတွက် ကူညီပေးလိုကြောင်း Doctor Strange ဒါရိုက်တာ ဝန်ခံ
ပိုးမွေးထားသလို မွေးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ စိုင်းစိုင်း
ပဉ္စမမြောက် “Indiana Jones” ရုပ်ရှင်ကို ဒါရိုက်တာ Steven Spielberg ရိုက်ကူးမည် မဟုတ်