စတုတ္ထမြောက် “The Matrix” ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်နေတာဖြစ်ပြီး ရိုက်ကူးရေးအတွင်း အသုံးပြုတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် အဆောက်အဦတချို့ ထိခိုက်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
“The Matrix 4” ရုပ်ရှင်ကို လက်ရှိ မြို့ထဲမှာ ရိုက်ကူးနေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာကတော့ မီးလုံးတွေက ထွက်လာတဲ့ အပူလုံးတွေက ဒေသတွင်း စီးပွားရေး လုပ်ငန်းတခုရဲ့ ကြော်ငြာ ဆိုင်းဘုတ်တခုကို ဖျက်စီးမိခဲ့ပြီး လမ်းမီးတိုင်တွေကို အရည်ပျော်စေတဲ့အထိ ဖြစ်စေခဲ့ပါတယ်။
ဒေသဆိုင်ရာ NBC News ရုပ်သံလိုင်းရဲ့ အဆိုအရ အဲ့ဒီဆိုင်းဘုတ်ပေါ်က ပလတ်စတစ်ကို ဖယ်ရှားဖို့ ငှားရမ်းခဲ့ရတဲ့ လုပ်သားတွေက အဲ့ဒီဆိုင်းဘုတ် ပြင်ဆင်စရိတ်ဟာ ဒေါ်လာ ၂,၀၀၀ ဝန်းကျင်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရုပ်ရှင်အတွက် ဖောက်ခွဲရေး ပစ္စည်းတွေ ပေါက်ကွဲစေမှု၊ ရိုက်ကူးရေးအတွင်း အနိမ့်ပျံ ရဟတ်ယာဉ်များပါဝင်မှုတွေဟာ ရုံးခန်းတွေရှိတဲ့ အဆောက်အဦတွေနဲ့ ပေအနည်းငယ်သာ ကွာဝေးနေတာကို တွေ့ခဲ့ရပါတယ်။
၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Matrix ရုပ်ရှင်မှာကတော့ “The Matrix” လို့ခေါ်တဲ့ စနစ်တခုနဲ့အတူ စွမ်းအားမြင့် ကွန်ပျူတာတွေကို မြေအောက်စစ်ပွဲတခုအတွင်းမှာ တိုက်ခိုက်ရတဲ့ ကွန်ပျူတာ ပရိုဂရမ်မာ တဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ထဲက မင်းသား Keanu Reeves နဲ့ မင်းသမီး Carrie-Anne Mos တို့က Neo နဲ့ Trinity တို့အဖြစ် အခု နောက်ဆက်တွဲ ရုပ်ရှင်မှာ သက်ဆိုင်ရာ ဇာတ်ရုပ်တွေကနေ ပါဝင်လာကြမယ်လို့ သိရပါတယ်။ ပထမဆုံး ရုပ်ရှင် ၃ ကားကို တာဝန်ယူခဲ့တဲ့ Lana Wachowksi က လာမယ့် ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ “The Matrix 4” ရုပ်ရှင်ကို ရိုက်ကူးပေးမှာဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
“Train To Busan” နောက်ဆက်တွဲရုပ်ရှင် “Peninsula” ရဲ့ ပိုစတာ ထွက်ပေါ်လာ
မိန်းကလေးလို သရုပ်ဆောင်ပီပြင်လို့ ပရိသတ်တွေ သဘောကျနေတဲ့ ကလေးသရုပ်ဆောင် ဆိုဝူဂျင်း
Constantine ရုပ်ရှင်အတွက် ကူညီပေးလိုကြောင်း Doctor Strange ဒါရိုက်တာ ဝန်ခံ