Entertainment

“စိုင်းစိုင်းခမ်းလှိုင်ဆီက သင်ယူစရာတွေ များတယ်”လို့ ပြောတဲ့ အဆိုတော် နန္ဒစိုင်း

Want create site? Find Free WordPress Themes and plugins.

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ငယ်သူငယ်ချင်း ဖြစ်တဲ့ အဆိုတော် နန္ဒစိုင်းက စိုင်းစိုင်းခမ်းလှိုင်နဲ့ ခင်မင်မှုနဲ့ ပတ်သက်လို့ စိုင်းစိုင်းမှာ ကောင်းကွက်တွေ တော်တော်များပြီး သူ့ဆီက သင်ယူစရာတွေများတယ်လို့ ဆိုပါတယ်။

“သူ့မှာ ကောင်းကွက်တွေက တော်တော်များတယ်။ ကျနော်တို့က ငယ်ငယ်ကတည်းကပေါင်းလာခဲ့တာဆိုတော့ သူ့အကြောင်း သိတယ်။ သူ့ကြည့်ရင် သင်ယူစရာတွေ အများကြီးရတယ်။ သူက ဘော်ဒါတိုင်းကို အရမ်းကောင်းတဲ့ သူတယောက်ပါ။ အခုချိန်ထိ လူပျိုကြီးဖြစ်နေတာလည်း သူ့ရွေးချယ်မှု နဲ့ သူပဲလေ။ ကျနော်က မင်းယူလိုက်တော့ ကွာလို့ ပြောလို့မှ မရတာ။ ဒါက ဘဝတခုလုံးနဲ့ ဆိုင်တော့ သူ့ရွေးချယ်မှုနဲ့ သူပဲပေါ့”လို့ နန္ဒစိုင်းက ပြောပါတယ်။

မကြာခင် ရုံတင်တော့မယ့် စိုင်းစိုင်းခမ်းလှိုင် ခေါင်းဆောင် ပါဝင်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်လို့လည်း နန္ဒစိုင်းက သူရဲ့ အမြင်ကို အခုလို ဆိုပါတယ်။

“ပိတောက်ကတဲ့ ဂီတ ကားလေးက စိုင်းစိုင်း အရမ်းကြိုးစားထားတဲ့ ကားလေးပါပဲ။ ဂီတကို အခြေခံပြီး ရိုက်ထားတာဖြစ်တဲ့အတွက် သူနဲ့ အရမ်းလိုက်ဖက်တယ်။ စိုင်းစိုင်းက အလုပ်တခုလုပ်ရင် ငယ်ငယ်ကတည်းက သေသေချာချာ ထောင့်စုံအောင်လုပ်တတ်တဲ့ အကျင့်လည်း ရှိတယ်။ ဒီသီချင်းနဲ့ ပတ်သက်ရင်လည်း စေ့စေ့စပ်စပ်နဲ့ လုပ်တတ်တယ်။ သူက သူများထက်တော့ ဇွဲတော်တော်ကြီးတယ်။ အဲ့ဒါတွေက သူရောက်နေရာက သူ့တန်ဖိုးကို ပြတယ်လို့ပဲ ထင်တယ်”လို့ နန္ဒစိုင်းက ပြောပါတယ်။

ဂီတနဲ့ ပတ်သက်လို့ သီချင်းတွေ ထွက်တာတော့ နှေးတယ်လို့ဆိုတဲ့ နန္ဒစိုင်းက ၂၀၂၀ထဲမှာတော့ Single Song တပုဒ်၊ နှစ်ပုဒ်တော့ အွန်လိုင်းကနေ ဖြန့်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်အခု သီချင်းတွေ ထွက်တာတော့ နှေးတာတော့ နှေးနေတယ်။ ၂၀၂၀ ထဲမှာ Single သီချင်းလေးတွေကို တပုဒ်စ၊ နှစ်ပုဒ်စတော့ အွန်လိုင်းကနေ ဖြန့်ဖို့ရှိပါတယ်။ အခုကျနော်နဲ့ အမျိုးသမီးနဲ့က အွန်လိုင်းမှာ ကိတ်တွေ လုပ်ပြီး ရောင်းတဲ့ အလုပ်လုပ်နေပါတယ်။ အခက်အခဲကတော့ မရှိပါဘူး။ အဲ့အလုပ်ကိုလုပ်တာလည်း ကျနော်တို့ သမီးရည်းစားဘဝကတည်းက လုပ်လာတာဆိုတော့ ၈ နှစ်ကျော်လောက်တော့ ရှိပြီ”လို့ နန္ဒစိုင်းက ပြောပါတယ်။

နန္ဒစိုင်းကတော့ မိသားစုအနေနဲ့ သူ့ရဲ့ ဇနီးဖြစ်သူနဲ့အတူ သမီးလေး တဦးလည်း ပိုင်ဆိုင်ထားပါတယ်။ သမီးလေးနဲ့ ပတ်သက်ပြီးလည်း နန္ဒစိုင်းက အခုလို ဆိုပါတယ်။

“သမီးလေးက အခုအရမ်းငယ်သေးတယ်။ တနှစ်ကျော် လောက်ရှိပြီဆိုတော့ ဆော့ဖို့နဲ့ စားဖို့ပဲသိသေးတယ်။ ၃၊ ၄ နှစ်မှာ သူဘာတွေ ဝါသနာပါလာမလဲ မြင်ရမှာပေါ့”လို့ နန္ဒစိုင်းက ပြောပါတယ်။

ရှမ်းပြည်နယ်သား တဦးဖြစ်တဲ့ အဆိုတော် နန္ဒစိုင်းကတော့ “နန္ဒစိုင်းရဲ့ နန္ဒစိုင်း” တေးစီးရီးနှင့် “တိုင်တည်တေး”လို့ အမည်ရတဲ့ တေးစီးရီးတွေလည်း ထွက်ရှိထားပါတယ်။ နန္ဒစိုင်းက စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦးဖြစ်သလို စိုင်းစိုင်းရဲ့Show ပွဲတိုင်းမှာလည်း အမြဲပါဝင်ဖျော်ဖြေလေ့ရှိသူတဦးပဲ ဖြစ်ပါတယ်။

You may also like these stories:

“Matrix 4” ရိုက်ကူးရေးကြောင့် ဆန်ဖရန်စစ္စကိုမြို့က အဆောက်အဦများ ထိခိုက်မှာ စိုးရိမ်နေရ

အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ

လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က အမျိုးသမီးများကို ပြုလုပ်ခွင့် ပိတ်ပင်ထားတဲ့ အရာများ

Did you find apk for android? You can find new Free Android Games and apps.
Loading