ကမ္ဘာကျော် မင်းသမီးတွေနဲ့ မော်ဒယ်တွေဟာ ဖက်ရှင်ကျန လှပမှုအတွက် ငွေကုန်ကြေးကျခံလေ့ ရှိကြပေမယ့် တော်တော်များများကတော့ အဝတ်အစား တန်ဖိုးထက် သက်သောင့်သက်သာရှိမှုကို ရွေးချယ်လေ့ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် ကမ္ဘာကျော်မင်းသမီးတွေနဲ့ မော်ဒယ်တွေကတော့ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်တယ်လို့ ထင်ရပေမယ့် တန်ဖိုးနည်း အဝတ်အစားတွေနဲ့ ဖက်ရှင်ကျန လှပအောင် ဝတ်ဆင်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။
(၁) Gal Gadot
ကမ္ဘာကျော်မင်းသမီးချော Gal Gadot ဟာဆိုရင် ဝတ်စားဆင်ယင်မှုအပိုင်းမှာ ကမ္ဘာကျော် Brand တွေထက် သူနဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာ ရှိတာမျိုးကိုသာ ရွေးချယ်တတ်သူပါ။ ပွဲတက်အဝတ်အစားတွေကိုတောင် ဒေါ်လာ ၅၀ ခန့်သာရှိတဲ့ Dress နဲ့ ပွဲတက်ချင်တက်နေသူလည်း ဖြစ်ပါတယ်။
(၂) Kylie Jenner
ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာစာရင်းထဲမှာ ပါဝင်ပေမယ့် Kylie ဟာ အဝတ်အစားတွေအတွက်တော့ ငွေကုန်ကြေးကျ သိပ်ခံလေ့ မရှိသူပါ။ ခန္ဓာကိုယ် ကောက်ကြောင်းပေါ်အောင်သာ ဝတ်ဆင်လေ့ ရှိတဲ့ သူဟာ အမည်းရောင်နဲ့ အသားရောင် Body Fit တွေကို ဒေါ်လာ ၄၀ အောက်သာ အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။
(၃) Gigi Hadid
ကမ္ဘာကျော်မော်ဒယ် Gigi Hadid ကတော့ ကမ္ဘာကျော် Brand တွေကို ဝတ်ဆင်လေ့ရှိပေမယ့် ပုံမှန်အားဖြင့်တော့ သက်သောင့်သက်သာရှိပြီး တန်ဖိုးလည်း သိပ်မကြီးတဲ့ အဝတ်အစားတွေကိုသာ ဦးစားပေးဝတ်ဆင်လေ့ရှိသူ ဖြစ်ပါတယ်။
(၄) Angelina Jolie
ကမ္ဘာကျော်မင်းသမီး Angelina Jolie ဟာဆိုရင်လည်း ပွဲတက်ဝတ်စုံတွေကို ဒီဇိုင်နာတွေ ချုပ်လုပ်ဆင်မြန်ပေးတဲ့ တန်ဖိုးကြီးဝတ်စုံတွေထက် ဈေးနှုန်းချိုသာတဲ့ ရယ်ဒီမိတ် ပွဲတက်ဝတ်စုံတွေကိုသာ အများဆုံးဝတ်လေ့ရှိသူ ဖြစ်ပါတယ်။
Ref. www.marieclaire.com
You may also like theses stories:
၂ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid တို့ လမ်းခွဲလိုက်ပြီ
နာမည်ကြီး Super Model တွေရဲ့ အသားအရေအလှအပဆိုင်ရာ လျှို့ဝှက်ချက်များ