၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး ရုပ်ရှင်ဆု”ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ ရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon Ho ရဲ့“Parasite” ရုပ်ရှင်ပဲဖြစ်ပြီး အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ပထမဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ “Parasite” ရုပ်ရှင်အပြင် တခြားကြည့်ရှုသင့်တဲ့ ကိုရီးယားရုပ်ရှင်ကောင်းများစာရင်းပဲ ဖြစ်ပါတယ်။
(၁) Burning (2018)
Parasite ရုပ်ရှင်ကိုကြိုက်နှစ်သက်သူတွေအနေနဲ့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Burning ရုပ်ရှင်ကိုလည်း စိတ်တိုင်းကျကြမှာ ဖြစ်ပါတယ်။ Burning ရုပ်ရှင်ဟာဆိုရင် ဂျပန် နာမည်ကျော်စာရေးဆရာ Haruki Murakami ရဲ့ ဝတ္ထုတိုတပုဒ်ကို ပြန်လည်ဆင့်ပွား ဖန်တီးထားတဲ့ Psychological Thriller ရုပ်ရှင်တကားဖြစ်ပြီး အဓိကဇာတ်ကောင် ၃ ယောက်သာ ပါရှိတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။
(၂) Train To Busan (2016)
ကိုရီးယားရုပ်ရှင်ကို ကြိုက်နှစ်သက်သူတိုင်း “Train To Busan” ရုပ်ရှင်ကို ကြည့်ရှုခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ ရုပ်ရှင်စတင်ပြသချိန်မှာပဲ ဒေါ်လာမီလျံ သန်း ၁၂၀ အထိ စင်္ကာပူတနိုင်ငံထဲမှာ အမြတ်ရရှိခဲ့ဖူးပြီး သြဂုတ်လ ၂၀၂၀ မှာ နောက်ဆက်တွဲရုပ်ရှင် “Train To Busan 2: Penisula” ထွက်ရှိလာဖို့လည်း ရှိနေပါတယ်။
(၃) The Handmaiden (2016)
ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ဂျပန်နိုင်ငံသူ Hideko နဲ့ ခါးပိုက်နှိုက်မလေး Sook-hee တို့ကနေ ဇာတ်ကြောင်းပြောရင်း ဖြည်းဖြည်းချင်း ဆွဲဆောင်ဖမ်းစားသွားမယ့် ရုပ်ရှင်တကား ဖြစ်ပါတယ်။ Psychological Thriller အမျိုးအစား ရုပ်ရှင်တကားဖြစ်ပြီး ကြည့်ရှုသူရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ဒွိဟဖြစ်စေနိုင်တဲ့ ရုပ်ရှင်ကားကောင်းတကားဆိုလည်း မှားနိုင်မယ် မထင်ပါဘူး။
(၄) A Tale of Two Sisters (2003)
Horror ရုပ်ရှင် ကြိုက်နှစ်သက်တတ်သူတွေ အတွက်တော့ ဟောလိဝုဒ်ရဲ့ “The Uninvited (2009)” ကိုလည်း သိထားကြမှာဖြစ်သလို မူရင်း ရုပ်ရှင်ဖြစ်တဲ့ “A Tale of Two Sisters (2003)” ကို ပိုမို အမှတ်ရနေကြမှာပါ။ “A Tale of Two Sisters” ဟာဆိုရင် အမေရိကန်ရုပ်ရှင်ရုံတွေမှာ ပထမဆုံး ပြသခဲ့တဲ့ ကိုရီးယားရုပ်ရှင်တကားအဖြစ်လည်း မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။
Ref. www.womensweekly.com.sg
You may also like these stories:
အစာမကြေဖြစ်ခြင်းကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းများ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကို အဆိုတော် မနော အသံဖြင့် အသံချဲ့စက်များနှင့် ကြေညာမည်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အရှုံးပေါ်နေတဲ့ Nike