အခုအချိန်ကတော့ MCU (Marvel Cinematic Universe) ရဲ့ Phase 4 ကို ပုံဖော် ဖန်တီးနေချိန်ဖြစ်ပြီး အကောင်းဆုံး ရုပ်ရှင်တွေနဲ့အတူ ပရိသတ်တွေဆီ ပြန်လာဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။
Marvel ရဲ့ အစီအစဉ်တွေထဲမှာမှ Avengers 5 ဟာ ပျောက်ဆုံးနေပြီး ဇာတ်ကောင်ဟီးရိုးတွေ ပြန်လည် ပေါင်းစည်းချိန်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာဟာ သိချင်စရာ လျှို့ဝှက်ချက် တခုအဖြစ် ရှိနေခဲ့ပါတယ်။
Avengers 5 မှာတော့ Captain Marvel Evil ကို ထည့်သွင်းလာဖို့ရှိကြောင်း၊ Marvel အနေနဲ့ ပြင်ဆင်နေတာဖြစ်တယ်လို့ လွန်ခဲ့တဲ့နာရီ အနည်းငယ်ကမှ နီးစပ်ရာ အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Spider-Man ဇာတ်ကောင်က အစပြုလို့ Captain Marvel ဇာတ်ကောင်ဟာ နောက်ထပ် MCU ရဲ့ ခြေလှမ်းသစ်တွေရဲ့ ဗဟိုချက်ဖြစ်လာဖို့ ရှိကြောင်း ခန့်မှန်း ပြောဆိုနေကြပြီလည်း ဖြစ်ပါတယ်။
WandaVision ရုပ်ရှင်မှာလည်း Captain Marvel အနေနဲ့ ပါဝင်လာဖို့ရှိကြောင်း လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အခုထွက်ပေါ်လာခဲ့တဲ့ သတင်းနဲ့ ချိတ်ဆက်ကြည့်မယ်ဆိုရင် Iron Man ဇာတ်ကောင်လိုပဲ Captain Marvel ကိုလည်း အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ တွေ့မြင်ရဖို့ သေချာသလောက် ရှိနေခဲ့ပါတယ်။
Disney Plus အနေနဲ့ Ms.Marvel TV Show ကိုလည်း ဖန်တီးနေပြီဖြစ်တဲ့အပြင် Studio ဘက်ကလည်း ဒီပရောဂျက်နဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ရုပ်ပြရဲ့ တစိတ်တပိုင်းဖြစ်တဲ့ Captain Marvel ဟာ ဆိုးသွမ်းတဲ့ ဇာတ်ကောင် တယောက်အဖြစ် ပြောင်းလဲသွားခဲ့တာကို ပြန်လည် ကိုးကားပြီး X-Men ရုပ်ပြမှာ Dark Phoenix ဟာ လတ်တလောမှာတော့ ရည်ညွှန်းဖို့ သင့်တော်တဲ့ ဇာတ်ကောင်တယောက်အဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Parasite” ရုပ်ရှင်အပြင် နောက်ထပ် ကြည့်ရှုသင့်တဲ့ ကိုရီးယားရုပ်ရှင်ကောင်းများ
“Matrix 4” ရိုက်ကူးရေးကြောင့် ဆန်ဖရန်စစ္စကိုမြို့က အဆောက်အဦများ ထိခိုက်မှာ စိုးရိမ်နေရ
“Train To Busan” နောက်ဆက်တွဲရုပ်ရှင် “Peninsula” ရဲ့ ပိုစတာ ထွက်ပေါ်လာ