Entertainment

“လက်ထပ်ဖို့ အလျင်မလိုသေးဘူး”လို့ ဂျန်နီဖာလိုပက်ဇ် ပြော

အဆိုတော်၊ မင်းသမီး ဂျန်နီဖာလိုပက်ဇ် ဟာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားဟောင်း Alex Rodriguez နဲ့ လက်ထပ်ဖို့ အလျင်မလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပေါ့ပ်အဆိုတော် လိုပက်ဇ်ဟာ “2020 Vision: Your Life in Focus Tour” အစီအစဉ်မှာ ဝါရင့်ရုပ်သံတင်ဆက်သူ Oprah Winfrey နဲ့ စကားပြောဆိုမှုအတွင်း သူ့ရဲ့ လက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ မျှဝေပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် လိုပက်ဇ်က “ကျမတို့ ပထမဆုံးစေ့စပ်ခဲ့တဲ့ အချိန်တုန်းကဆို တော်တော်လေး ရယ်ရတယ်။ လာမယ့် နှစ်လလောက်အတွင်းမှာ ငါတို့ လက်ထပ် ရတော့မှာပါလားဆိုပြီးတော့လေ။ တော်တော်လေး ရှည်ရှည်ဝေးဝေး တွေးနေမိပြီ။ ကျမကို ၃ ကြိမ်လောက်အထိ လက်ထပ် အောင် လုပ်ခဲ့တာ အားလုံးက ဒီလိုမျိုး မျှော်လင့်ချက်မဲ့တဲ့ အချစ်ရေးရာကိစ္စတွေပါ။ သူကတော့ မင်းလုပ်ချင်တာတွေဘာပဲဖြစ်ဖြစ် ငါတို့ ပြောဆိုဆွေးနွေးနိုင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်ပြီး သူက “ကျမတို့ ကျန်တဲ့ဘဝသက်တမ်းမှာ အတူတူနေရတော့မှာကို ဘာတွေ အလျင်လိုနေတာလဲလို့ သူ့ကို ပြောလိုက်တယ်။ ကျမတို့အဲ့ဒါကို တကယ်လုပ်တော့မယ်ဆိုရင် ကျမတို့က လက်တွဲဖော် ဖြစ်လာရမယ်လေ။ အရင်တုန်းကလိုမျိုး ဇနီးနဲ့ခင်ပွန်း၊ မိခင်နဲ့ ဖခင်လိုမျိုး ကျမတို့နှစ်ယောက်လုံး မခံစားခဲ့ရဖူးတဲ့ တခုခုကို တည်ဆောက်ရတော့မယ်လို့ဆိုရင် ကျမတို့လည်း ကလေးအားလုံးကို ထွေးပွေ့ထားပြီး အရင်တုန်းက ကျမတို့မှာမရှိခဲ့တဲ့ အရာတခုကို ပြသရပါမယ်”လို့ ဆိုပါတယ်။

အဆိုတော် လိုပက်ဇ်ဟာ ခင်ပွန်းဟောင်း Marc Anthony နဲ့ ရရှိထားတဲ့ အသက် ၁၂ နှစ်အရွယ် Emme Maribel Muniz နဲ့ Maximilian David လို့ဆိုတဲ့ အမြွှာနှစ်ဦးကို ပိုင်ဆိုင်ထားပြီး Rodriguez ကတော့ ပထမအိမ်ထောင်နဲ့ ရရှိထားတဲ့ သမီးနှစ်ဦး ရရှိထားပါတယ်။

အဆိုတော် မင်းသမီး လိုပက်ဇ်နဲ့ ပတ်သက်တဲ့ သီးခြားသတင်းတပုဒ်မှာတော့ ပြီးခဲ့တဲ့ ဆုပေးပွဲရာသီတုန်းက သူ သရုပ်ဆောင်ထားတဲ့ “Hustlers” ရုပ်ရှင်ဟာ ဆုဆန်ခါတင်စာရင်း မဝင်ခဲ့တာနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း ပြောဆိုထားပါတယ်။

Ref: PTINEWS

You may also like these stories:

တန်ဖိုးကြီး အဝတ်အစားတွေထက် တန်ဖိုးနည်းနည်းနဲ့ ဖက်ရှင်ကျတဲ့ ကမ္ဘာကျော်များ

NFL ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာတို့ရဲ့ Super Bowl ဖျော်ဖြေမှု

အနုပညာ ခရီးလမ်းအစမှာ ဒါရိုက်တာရဲ့ အဝတ်ချွတ်ပြခိုင်းမှုကို ခံခဲ့ရတဲ့ ဂျန်နီဖာလိုပက်ဇ်

Loading