Entertainment

"Captain Marvel 2" ရုပ်ရှင်မှာ Wolverine အဖြစ် Henry Cavill ပါဝင်လာမယ်လို့ သတင်းထွက်နေ

မင်းသား Henry Cavill ဟာ သူ့ရဲ့ နာမည်ကျော် Superman ဝတ်စုံကို ချွတ်ပြီး ကမ္ဘာကျော် လက်သည်း ဟီးရိုး ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ‘Man of Steel’ ရုပ်ရှင် ခရစ်ပတွန်ဂြိုဟ်မှာ နောက်ဆုံးသားတော်အဖြစ် သရုပ်ဆောင်ထားတဲ့ ဗြိတိသျှမင်းသားက Wolverine အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး “Captain Marvel 2” ရုပ်ရှင်မှာ ပွဲဦးထွက်ပါဝင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုမျိုး ကောလာဟလသတင်းတွေက YouTube ဖြစ်တဲ့ The Quartering ကနေ ပျံ့နှံ့လာခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသား Cavill က X-Men ဇာတ်ကောင်အဖြစ် ပါဝင်မယ့်သတင်းစကားတွေနဲ့အတူ Comics စီးရီးတွေထဲမှာလည်း Wolverine နဲ့ Captain Marvel တို့ ပူးတွဲ ပါဝင်တဲ့ ဇာတ်လမ်းအကြောင်းအရာတွေ ပါရှိပါတယ်။

အခုလိုမျိုး နာမည်ကျော် ဇာတ်ကောင်နှစ်ခုကို ပေါင်းစပ်မယ့် အစီအစဉ်ဟာ ၂၀၁၉ ခုနှစ်တုန်းက 20th Century Fox ရဲ့ ပိုင်ဆိုင်မှုတွေကို Disney ကဝယ်ယူလိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

‘Captain Marvel’ နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်လာနိုင်မယ်လို့ဆိုတဲ့ ကောလာဟလသတင်းတွေကို Marvel စတူဒီယို ကရော မင်းသား Cavill ကပါ တုံ့ပြန်ခြင်းမရှိသေးပေမယ့် အခုလိုမျိုး MCU မှာ ပါဝင်မယ်လို့ ဆိုတဲ့ ကောလာဟသတင်း ထွက်ပေါ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လတုန်း ကလည်း အနာဂတ် ရုပ်ရှင်တခုအတွက် စတူဒီယိုရဲ့ ရွေးချယ်မှုမှ မင်းသား ပါဝင်ခဲ့တယ်လို့ ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီသတင်းတွေသာ အမှန်ဖြစ်လာခဲ့မယ်ဆိုရင်တော့ မင်းသား Cavill ဟာ DCEU ကနေ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်တဲ့ MCU ဆီ ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသားကို “Man of Steel” ရုပ်ရှင်မှာ Superman အဖြစ် သရုပ်ဆောင်ပြီးနိုင်နောက်ပိုင်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုလည်း ခံခဲ့ရပါတယ်။ သူဟာ အဲ့ဒီဇာတ်ကောင်ကို “Batman v Superman: Dawn of Justice” ရုပ်ရှင်နဲ့ “Justice League” ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက ထွက်ရှိခဲ့တဲ့ X-Men ရုပ်ရှင်မှာတော့ မင်းသား Hugh Jackman က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသမီး Brie Larson က Carol Danvers အဖြစ် ပြန်လည်သရုပ်ဆောင်မယ့် “Captain Marvel 2” ရုပ်ရှင်ကိုတော့ ၂၀၂၂ ခုနှစ်မှာ မြင်တွေ့ရဖို့ရှိနေပါတယ်။

Ref: aceshowbiz

You may also like these stories:

ကိုရိုနာဗိုင်းရပ်ကြောင့် “No Time To Die” ပြသရက်ကို ရွှေ့ဆိုင်းပေးဖို့ ပရိသတ်များ တောင်းဆို

“Pon Magal Vandhal” ရုပ်ရှင်မှာ ရှေ့နေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Jyotika

Captain Marvel Evil ကို Avengers 5 မှာ တွေ့မြင်ရနိုင်ခြေ ရှိကြောင်း သတင်းထွက်ပေါ်

Loading