Entertainment

စူပါဟီးရိုး ရုပ်ရှင်တကားမှာ သရုပ်ဆောင်ချင်နေတဲ့ မီဂန်မာကယ်

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ဇနီးဖြစ်သူ မင်းသမီး မီဂန်မာကယ်ဟာ တော်ဝင်မိသားစုကနေ နုတ်ထွက်လိုက် ခဲ့ပြီးတဲ့နောက် အေးဂျင့်ဖြစ်သူ Nick Collins နဲ့ ပြန်လည်ချိတ်ဆက်ပြီး သရုပ်ဆောင်ဖို့ ဇာတ်ကားတကားကို ရှာဖွေခိုင်းနေတယ်လို့ သိရပါတယ်။

မင်းသမီး မီဂန်ဟာ စူပါဟီးရိုးလိုမျိုး ရုပ်ရှင်တကားမှာ သရုပ်ဆောင်အနေနဲ့ ပါဝင်ပြီး သရုပ်ဆောင်လောကထဲကို ပြန်လာချင်နေတယ်လို့ Sunday သတင်းစာက ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် အေးဂျင့်ဖြစ်တဲ့ Nick ဟာ မင်းသမီးအတွက် ရုပ်ရှင်တကားရိုက်ကူးနိုင်ဖို့ကို တက်တက်ကြွကြွ ရှာဖွေနေတယ်လို့ လည်းဆိုပါတယ်။ လောလောဆယ်မှာတော့ ဇာတ်ကားလက်ခံထားတာမရှိသေးဘူးလို့ သိရပါတယ်။

Nick က “မီဂန်ဟာ ဟောလိဝုဒ်မှာ အစည်းအဝေးတွေ ဆက်တိုက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ သူဟာ Disney အတွက် အသံသရုပ်ဆောင်လုပ်ခဲ့ပြီးပါပြီ။ ပြီးတော့ အသံသရုပ်ဆောင်ပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်အနေနဲ့ ပဲဖြစ်ဖြစ် စူပါဟီးရိုး ရုပ်ရှင်တခုကို ရှာဖွေနေပြီလို့ဆိုတဲ့ စကားထွက်လာပါတယ်။ သူက မင်းသမီး တယောက် အနေနဲ့ ရုပ်ရှင်တခုလုံးကို သယ်မသွားနိုင်ဘူးဆိုတာ သူသိပါတယ်။ သူဟာ မီဂန်မာကယ်ဖြစ်တယ် ဆိုတဲ့ အချက်ကို လူတိုင်းကတော့ ကျော်သွားကြမှာမဟုတ်ပါဘူး” လို့ဆိုပါတယ်။

ဆင်ပရဟိတအဖွဲ့တခုကို လှူဒါန်းမှုပြုခဲ့မှုကြောင့် Disney ရုပ်ရှင်တခုမှာ အသံသရုပ်ဆောင်ဖို့ သဘောတူညီချက် တခုကိုလည်း မီဂန်က လက်မှတ်ရေးထိုးခဲ့တယ်လို့ မကြာသေးခင်တုန်းက ထုတ်ပြန်ထားပါတယ်။ အသက် ၃၈ နှစ်အရွယ် မီဂန်ဟာ ကနေဒါနိုင်ငံမှာ ခင်ပွန်း မင်းသား ဟယ်ရီနဲ့အတူ သီတင်းခြောက်ပတ်ကြာ ခေတ္တအနားမယူခင် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အသံသွင်းယူခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး မီဂန်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တော်ဝင်မိသားစုအဖြစ်ကနေ နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို Instagram ကနေ တဆင့်ကြေညာခဲ့ပါတယ်။ တော်ဝင်စုံတွဲနှစ်ဦးနဲ့ ဗြိတိန် ဘုရင်မကြီးတို့ကြား မိသားစုရေးရာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ တော်ဝင်အထောက်အပံ့တွေကို မယူတော့ဘဲ သီးခြားပုဂ္ဂိုလ်တွေအဖြစ် ရပ်တည်ကြတော့မှာပဲ ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:

အခြားရွေးချယ်စရာ လမ်းမရှိဘူးလို့ တော်ဝင်မင်းသား ဟယ်ရီ ပြော

ကာတွန်းစီးရီးအသစ်မှာ မင်းသားဟယ်ရီ နေရာကနေ အသံသရုပ်ဆောင်မယ့် Orlando Bloom

ကိုယ်ပိုင်ဂျက် လေယာဉ်တွေကို အသုံးပြုခဲ့မှုကြောင့် ဝေဖန်ခံနေရတဲ့ တော်ဝင်မင်းသား ဟယ်ရီ

Did you find apk for android? You can find new Free Android Games and apps.
Loading