သရုပ်ဆောင် မေသဉ္ဇာဦး က ဒီနေ့မှာ ရုံတင်ပြသနေတဲ့ “ပိတောက်ဂီတ” ဇာတ်ကားမှာ ပိုးမမှီသာရဲ့ မိခင် မင်းသား ဦးကျော်သူရဲ့ မိန်းမနေရာက ပါဝင်ထားပြီး ဒီဇာတ်ကားက သင်္ကြန်ကားဖြစ်လို့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြမှာပါလို့ ဆိုလိုက်ပါတယ်။
“ပိတောက်ကတဲ့ ဂီတကဇာတ်ကားမှာ ပိုးမမှီသာရဲ့ အမေ၊ ဦးကျော်သူမိန်းမနေရာက နေရာက ပါဝင်ထားတယ်။ ဇာတ်ကား ထဲမှာ အမှတ်တရအနေနဲ့ သင်္ကြန်အကြိုနေ့မှာ သွားရိုက်ထားတယ်။ မြို့မအဖွဲ့နဲ့ သွားရိုက်ထားတာ အမှတ်တရနဲ့ထူးထူး ခြားခြားဖြစ်တယ်။ ပြီးတော့ မန္တလေးက ကောင်မလေးနဲ့ ရန်ကုန်က ဂီတသမားလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့”
“ စိုင်းစိုင်းက သူပိုင်တဲ့ ဂီတနဲ့ သွားတာဆိုတော့ သူအတွက် အဆင်ပြေပါတယ်။ လူငယ်သရုပ်ဆောင် လေးတွေ တော်ပါ တယ်။ သင်္ကြန်ကားနည်းတဲ့အတွက် ပရိသတ်တွေကလည်း ကြည့်ချင်နေကြမယ်ထင်ပါတယ်။ သင်္ကြန်လည်းရောက်ခါနီး ပြီဖြစ်လို့ ပရိသတ်တွေလည်း စိတ်ဝင်စားနေမှာပါ”လို့ မေသဉ္ဇာဦးက ပြောပါတယ်။
“ပိတောက်ဂီတ” ဇာတ်ကား ရိုက်ကူးစဉ်က အသံအိုးခွဲထားတာကြောင့် အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တယ်လို့ မေသဉ္ဇာဦးက ဆိုပါတယ်။
“ရိုက်ကူးတုန်းက စိတ်မကောင်း စရာက အသံကြီးက တမျိုး ဖြစ်နေတော့ သရုပ်ဆောင်ရတာ ပြောချင်ပေမယ့် ပြောမရ တော့ အသံကြီးက သြသြကြီး ဖြစ်နေတာပေါ့။ အသံအိုးခွဲထားတာတော့ အတတ်နိုင်ဆုံး အကုန်လုံးကို ပြောပြထားပြီး ကြိုးစား သရုပ်ဆောင်ထားတယ်။ ဇာတ်ကားလက်ခံထားတုန်းက မဖြစ်သေးဘူး။ ရိုက်မယ့် နောက်ဆုံးအပတ်မှ ကိုယ်က သွားခွဲရတာပေါ့”
“ဦးမီးပွားရေ ဇာကြီးကတာ့ အသံကပုံမှန်သံမဟုတ်ဘူး။ ဘယ်လိုလုပ်မလဲပြောတော့ အဲ့လောက်လည်း မဟုတ်ဘူး ရတယ်ဆိုတာနဲ့ ရိုက်ခဲ့တာပေါ့။ လည်ပင်းမှာ အကျိတ်ကကြီး အဖုတွေများနေတာနဲ့ ဆရာဝန်က မကောင်းဘူး မြန်မြန်လေးခွဲလိုက်တာကောင်းမယ်လို့ ဆရာဝန်ပြောတာနဲ့ ခွဲလိုက်တာ။ ခံစားရလို့ သွားပြတာမဟုတ်ဘူး။ သူငယ်ချင်းနဲ့ လိုက်သွားရင်းကနေ ဆေးရုံမှာ ထိုင်နေရတာပျင်းတာနဲ့ လည်ပင်းလေးက ဖောင်းနေသလားမသိဘူး ပြရင်းနဲ့ တွေ့သွားတာ။ အကျိတ်တွေ များတယ်ဆိုတာနဲ့ခွဲဖြစ်သွားတာပါ”လို့ မေသဉ္ဇာဦးကပြောပါတယ်။
သရုပ်ဆောင် မေသဉ္ဇာဦးဟာ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ၂ ဆု ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ အနုပညာခရီးလမ်းကလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိနေပါပြီ။ အနုပညာအတွေ့အကြုံတွေ အများကြီးရှိသူ တယောက်ဖြစ်ပြီး သား၂ ယောက်ရဲ့ မိခင်လည်းဖြစ်ပါတယ်။
You may also like these stories:
“သူစိမ်းအိမ်” ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းခံနေရတဲ့ ထွန်းအိန္ဒြာဗိုလ်
“ဇာတ်လမ်းတွဲထဲကလို အပြင်မှာ နှလုံးရောဂါ မရှိဘူး”လို့ သားကို ပြောတဲ့ မေသဉ္ဇာဦး”