“Avengers: Endgame” ရုပ်ရှင်ပြီးဆုံးသွားချိန်မှာ Thor ဟာ “Guardians of The Galaxy” အဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပြီး Marvel ပရိသတ်တွေအတွက် Guardians of The Galaxy နောက်ဆက်တွဲ ရုပ်ရှင်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုတင် စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။
ဇာတ်လမ်းတည်ဆောက်ပုံ အသေးစိတ်ကို မသိရသေးပေမယ့် လွန်ခဲ့တဲ့ အချိန်အနည်းငယ်ကပဲ အဓိကပြဿနာတွေကို ကြုံတွေ့စေမယ့် ဗီလိန်တွေကို ဖော်ပြခဲ့တာပါ။
Star Lord နဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ နောက်ထပ် ဗီလိန်တွေနဲ့ ဆုံတွေ့ရမယ့် စွန့်စားခန်းကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ကြည့်ရှုရဖို့ အနည်းငယ် ကြာမြင့်နေဦးမှာ ဖြစ်ပါတယ်။ Adam Warlock နဲ့ High Evolutionary တို့ကိုလည်း နောက်ဆက်တွဲ ရုပ်ရှင်မှာ တွေ့မြင်ရဖို့ရှိနေပြီး ဇာတ်ညွှန်း ရေးသားမှုအပိုင်းမှာလည်း ဒီဇာတ်ကောင်၂ ဦး ပါဝင်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
“Guardians of The Galaxy” Vol.2 ရဲ့ Credit Scene မှာကတည်းက Adam Warlock ကို တွေ့မြင်ရဖို့ ပရိသတ်တွေအနေနဲ့ ရင်ခုန်ခဲ့ကြရတာဖြစ်ပြီး Star Lord တို့အဖွဲ့ကို လက်စားချေဖို့ ပြင်ဆင်နေခဲ့တာပါ။
၃ ကားမြောက်ရုပ်ရှင်မှာ Marvel ရဲ့ အနှစ်သက်ဆုံး ဇာတ်ကောင်တယောက် အားဖြည့် ပါဝင်လာဖို့ ရှိနေပြီး ဒါရိုက်တာ James Gunn အနေနဲ့လည်း ရုပ်ရှင်အတွက် သေချာပြင်ဆင် ရိုက်ကူးထားခဲ့တာကြောင့် စိတ်လှုပ်ရှားစရာ အခြေအနေတခုဟာ မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Adam Warlock လိုပဲ Star Lord တို့အဖွဲ့ကို မတူညီတဲ့ အကြောင်းပြချက်နဲ့ လိုက်ရှာနေတဲ့ နောက်ထပ်ဇာတ်ကောင် တယောက်ကတော့ High Evolutionary ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Michael Rooker ရဲ့ Yondu လည်း ပြန်လည် ပါဝင်လာဖို့ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် ဒါရိုက်တာ James Gunn ဘက်ကတော့ အခုချိန်ထိ အတည်မပြုနိုင်သေးပါဘူး။
Ref. wegotthiscovered.com
You may also like these stories:
နိုင်ငံ့အကြောင်း ပုံဖော်ပြသမှုကြောင့် မြောက်ကိုရီးယားအစိုးရ တောင်ကိုရီးယားကို အပြစ်တင်
သင်္ကြန်ကားနည်းနေတဲ့အချိန်မှာ “ပိတောက်ကတဲ့ ဂီတ” ကိုကြိုက်ကြမှာပါလို့ မေသဉ္ဇာဦးပြော
The Batman ရုပ်ရှင်မှာ စီးမယ့် Batmobile အသစ်ထွက်ပေါ်လာပြီဖြစ်