လက်ရှိ ကမ္ဘာနေရာတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအများစုနဲ့မြန်မာနိုင်ငံမှာပါ ပွဲတော်များကိုဖျက်သိမ်းခဲ့ရတာကြောင့် ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကိုဝင်မလာပါစေနဲ့လို့ အဆိုတော်အောင်ထက်က ဆုတောင်းနေတယ်လို့ ဆိုပါတယ်။
“အားလုံးကျန်းမာရေးကို ဂရုစိုက်ကြပါ။ ဒီမှာက ကူးစက်ရောဂါတွေ ရှိနေတာဆိုတော့လေ ။ ဒါပေမယ့်ဒီနိုင်ငံမှာတော့ ဒီဗိုင်းရပ်စ် မရှိပါဘူး။ ကျနော်ကတော့ လောလောဆယ် စိတ်အေးလက်အေးနေတယ်။ ဒီနိုင်ငံမှာဘာမှမရှိဘူး။ ဗိုင်းရပ်စ်ကလည်း ဒီကအပူချိန်ကိုမခံစားနိုင်ဘူးဆိုတော့ ကျနော်တို့နိုင်ငံက ဒေသတော်တော်များများမှာက အနည်းဆုံး အပူချိန်က ၃၀ လောက်ရှိတယ်။ ဒီနိုင်ငံကိုဝင်မလာပါစေနဲ့လို့ဆုတောင်းပါတယ်”
“ ကပ်ဆိုးတွေဝင်လာရင်လူတွေမပျော်ရတော့ဘူး။ စိုးရိမ်ကြောင့်ကြမှုတွေနဲ့နေရတယ်။ တယောက်နဲ့တယောက် သင်္ကာမကင်းတဲ့မျက်လုံးတွေနဲ့ အပြန်အလှန်ကြည့်နေတယ်။ မအေးချမ်းတော့ဘူးပေါ့ဗျာ” လို့အောင်ထက်ကပြောပါတယ်။
ပွဲတွေ အလုပ်တွေတော်တော်များများကိုလည်း ဖျက်လိုက်ရတာတွေ ရက်ရွေ့ရတာတွေရှိခဲ့ပြီး မြန်မာနိုင်ငံမှာ မဖြစ်သေးတဲ့အတွက်တော့ စိတ်သန့်သန့်နဲ့နေလို့ရတယ်လို့ဆိုပါတယ်။
“အခုပွဲတော်တွေ တော်တော်များများလည်း ဖျက်ရတယ်။ ရက်တွေရွေ့ရတာတွေ လုပ်ရတာပေါ့နော်။ ဒီကိုရိုနာဗိုင်းရပ်စ် ကြောင့်ပေါ့နော်။ ဒါပေမယ့်ဒီနိုင်ငံမှာတော့ မမြင်လည်းမမြင်ရသေးဘူး။ မကြားလည်းမကြားရသေးဘူးဆိုတော့ အရမ်းကောင်းတယ်ပေါ့နော်။ ကျနော်တို့လူတွေလည်း စိတ်သန့်သန့်နဲ့နေထိုင်လို့ရတယ်။ ဂရုစိုက်ရင်တော့ ပိုကောင်းတာပေါ့နော်” လို့ အောင်ထက်ကပြောပါတယ်။
ကိုယ်တိုင်လည်း ခရီးသွားတဲ့အခါမျိုးတွေမှာတော့ Mask တပ်ဖြစ်ပြီး လူအများနဲ့အလုပ်လုပ်ရတာကြောင့် ပိုဂရုစိုက်ရတယ်လို့ ပြောပါတယ်။
“ခရီးသွားရင်တော့ Mask တော့တပ်ဖြစ်ပါတယ်။ ပုံမှန်ဆိုလည်း Mask ကတပ်ဖြစ်တယ်။ တခါတလေကျတော့လည်း တပ်ဖြစ်ချင်မှတပ်ဖြစ်တာပေါ့။ ဂရုတော့စိုက်ရတယ်။ ဘယ်နေရာမဆိုပါပဲ။ ကျနော်တို့ကျတော့ လူအများရှိတဲ့နေရာမှာ အလုပ်လုပ်ရတာဆိုတော့လေ နည်းနည်းတော့ဂရုစိုက်ရတာပေါ့လေ” လို့ အောင်ထက်ကပြောပါတယ်။
လက်ရှိမှာတော့ တက္ကသိုလ်ကျောင်းသင်္ကြန်များကိုသွားရောက်ဖျော်ဖြေဖြစ်၍ နယ်ဘက်တွေမှာတော့ ပိုဆိုဖြစ်ပြီး ရန်ကုန်မှာတော့ ဖျော်ဖြေတာနည်းသေးတယ်လို့ သိရပါတယ်။
You may also like these stories:
ရုပ်ရှင်ဇာတ်ကားများ မပိတ်ပင်ဘဲ ရုံတိုင်းပြသခွင့်ပေးရေး ပါဝင်ဆွေးနွေးခဲ့တဲ့ လွင်မိုး
မြန်မာနိုင်ငံရဲ့ ဂန္ထဝင် တယော ဂီတပညာရှင်ကြီး ဦးတင်ရီ ကွယ်လွန်
ဂီတအနုပညာ မောင်နှမတွေအတွက် ဆုရခဲ့တယ်လို့ သတ်မှတ်ထားတဲ့ နီနီခင်ဇော်