မင်းသမီး Keira Knightley ဟာ ပြီးခဲ့တဲ့နှစ်မှာ ကလေး နှစ်ဦးရဲ့ မိခင်ဖြစ်လာခဲ့တာကြောင့် သူရိုက်ကူးနေတဲ့ ရုပ်ရှင်တွေထဲမှာ ပါဝင်တဲ့ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးတာမျိုး မလုပ်တော့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ The Financial Times သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မင်းသမီး Knightley က “ကျမ ရင်သားတွေ တွဲကျကုန်ပြီလေ”လို့ အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသမီးက “The Edge Of Love” နဲ့ “The Duchess” တို့လိုမျိုး ရုပ်ရှင်တွေထဲမှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းပြီး သရုပ်ဆောင်ခဲ့ပါတယ်။
“အခုအချိန်ထက် အရင်တုန်းက ဝတ်လစ်စလစ် ပုံစံမျိုးက ပိုသက်သောင့်သက်သာရှိခဲ့ပါတယ်။ ကျမ ကလေး၂ယောက် ရခဲ့ပါပြီ။ အသက်လည်း ၃၀ ကျော်နေပါပြီ။ ကျမ ခန္ဓာကိုယ်အတွက် ကျမ ကျေနပ်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ ကျမ ထုတ်ပြသင့်တယ်လို့ မခံစားရပါဘူး”လို့ မင်းသမီးက ပြောကြားခဲ့ပါတယ်။
သူ့ရဲ့စာချုပ်ထဲမှာ “အဖော်အချွတ် ဇာတ်ဝင်ခန်း မပါဝင်ရ”ဆိုတဲ့ စာသားကို ထည့်ခဲ့ပြီးတဲ့နောက် ဗြိတိသျှမင်းသမီး Knightley ဟာ ခန္ဓာကိုယ်အသုံးပြုမှုကို နှစ်ဆ တိုးမြှင့်ထားတယ်လို့လည်း ဆိုပါတယ်။
“ဒါက ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကို နှစ်ဆအသုံးပြဖို့ ရွေးချယ်ခဲ့တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးချယ်မှု လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နည်းနည်းတော့ ကသိကအောင့်ဖြစ်ရပေမယ့် ပိုကောင်းလာပါတယ်။ ကျမက တည်းဖြတ်မှုလုပ်ပြီးရင် နောက်ဆုံး အတည်ပြုမှုကို ဆောင်ရွက်ရမှာပါ”လို့ သူက ပြောဆိုခဲ့ပါတယ်။
မင်းသမီးဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲကို နှောင့်ယှက်ခဲ့တဲ့ အမျိုးသမီး အဖွဲ့ တဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Misbehaviour” ရုပ်ရှင်အသစ်ကို လက်ရှိမှာ ပရိုမိုးရှင်း ပြုလုပ်ပေးနေပါတယ်။ မင်းသမီးဟာ အသက် ၄ နှစ်အရွယ် သမီးလေး Edie နဲ့ လပိုင်းအရွယ် သမီးလေး Delilah တို့ရဲ့ မိခင်လည်း ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
“Mulan” ရုပ်ရှင်ကို အားပေးခဲ့တဲ့ The Rock နဲ့ Brie Larson ဝေဖန်ခံနေရ
မင်းသား Orlando Bloom နဲ့ ပထမဆုံး ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Katy Perry
“လက်ထပ်ဖို့ အလျင်မလိုသေးဘူး”လို့ ဂျန်နီဖာလိုပက်ဇ် ပြော