အလှပရေးရာနဲ့ Lifestyle အကြောင်းအရာများကို ဝေမျှပေးနေတဲ့ Beauty Blogger ဝင်းမင်းသန်းကတော့ သူ့ရဲ့ မျှဝေပေးနေတဲ့ အသားအရေ ထိန်းသိမ်းမှု အကြောင်းအရာတွေကို Tik Tok လူမှုကွန်ရက် အသုံးပြုသူများက ဝေဖန်မှုများ ရှိတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။
“ကျမက Tik Tok သုံးတဲ့သူထဲ မပါတော့ Tik Tok မှာ ဘာတွေ ဂယက်ထနေလဲ မသိဘူး။ Glow တယ်ဆိုတဲ့ စကားက မြန်မာလို ရိုးရိုးလေးပဲ။ လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် Glow ပါစေ ဆိုပြီး ပြောလိုက်တာက တကယ်ကို Glow စေချင်တဲ့ ဆန္ဒအမှန်နဲ့ ပြောလိုက်တာ သူတို့ဘာ သူတို့ ဘယ်လို ထင်လဲတော့ ကျမလည်း မသိဘူး”
“ဘုရားစာကို ကိုယ်ကြိုက်သလို အမျှဝေလို့ ရတယ်လေ။ အမျှဝေတာကို ဘယ်သူက Limit လုပ်ထားတာလဲ။ ကိုယ်လုပ်တဲ့ဟာ ကိုယ်ကြိုက်လို့ ကိုယ်လုပ်သလို အကုန်လုံးကိုလည်း Skin Care ခိုင်းတယ်။ အဲ့ဒါကြောင့် Glow ကြပါစေဆိုပြီး ဆုတောင်းတာ ဘာအမှားပါလို့လဲ။ ကောင်းရာကောင်းကြောင်း ဆုတောင်းပေးတာကို ဘာလို့ ဒေါသတွေ ထွက်နေကြတာလဲ။ ဘဝအမောတွေ ပြေပါစေ၊ ရယ်စရာရှိရင် လိုက်ရယ်ကြပါ၊ မရယ်နိုင်ရင်လည်း ကျော်သွားပါ”လို့ ဝင်းမင်းသန်းက ပြောပါတယ်။
Beauty Blogger ဝင်းမင်းသန်းကတော့ သူကိုယ်တိုင်လည်း အသားအရေ လှပအောင် နေ့စဉ် ထိန်းသိမ်းမှုများလုပ်သလို အခြားသူများကိုလည်း မျှဝေ ပြောပြပေးနေတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဝင်းမင်းသန်းက Tik Tok က ဝေဖန် ပြောဆိုနေကြတဲ့ ဝေဖန်မှုများ၊ Comment များကို မဖတ်ဘူးလို့ ဆိုပါတယ်။
“Tik Tok က Comment တွေ ကြည့်လည်း မကြည့်ဘူး။ Tik Tok က ကျမနဲ့ မဆိုင်လို့ ဘာမှ မသိဘူး။ Facebook ကတော့ ကျမနဲ့ဆိုင်လို့ ကျမအလုပ်ကြောင်းကိုလည်း နားလည်ပေးကြတယ်။ အဲ့အတွက် အဆဲခံရတာ နည်းပါတယ်။ ကျမကို တချိန်လုံး ဂရုစိုက်ပြီး ဆဲနေတာ သိပ်မရှိပါဘူး”
“ကိုယ့်ဘဝမှာ အရမ်းခက်ခဲတဲ့ အခက်အခဲတွေကို ကျော်ခဲ့ပြီးပြီမို့ ကိုယ်မသိတဲ့လူက ကိုယ့်ကို ထိုင်ဆဲနေတာတော့ ကျမ အိပ်ရေးလည်း မပျက်ပါဘူး။ အစားလည်း မပျက်ပါဘူး။ သူတို့ကို သနားတယ်။ သူတို့ကို ပျော်စေချင်တာ”လို့ ဝင်းမင်းသန်းက ဆိုပါတယ်။
ဝင်းမင်းသန်းကတော့ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ဆိုရှယ်မီဒီယာ Influencer တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ မိတ်ကပ်နဲ့ သက်ဆိုင်တဲ့ ဗီဒီယိုများတင်ဆက်ပြီး Yangon in My Heart ဆိုတဲ့ အလှအပရေးရာ Blog နဲ့ Facebook Page တို့ကို စတင်ခဲ့သူ ဖြစ်ပါတယ်။ ဝင်းမင်းသန်းက Myanmar’s Pride Awards 2019 ပွဲမှာလူမှုဦးဆောင်ကဏ္ဍအတွက် ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။
You may also like these stories:
ငါးခုံးမ တကောင်ကြောင့် တလှေလုံး မပုတ်စေချင်တဲ့ အလှမယ် နှင်းသွေးယုအောင်
မိခင်ဖြစ်လာတဲ့အတွက် အဖော်အချွတ် ဇာတ်ဝင်ခန်း မရိုက်တော့ဘူးလို့ Keira Knightley ဆို
ချစ်သူထားရင် တခါမှလျှို့ဝှက်မထားခဲ့ဘူးလို့ နန်းဆုရတီစိုးပြော