Entertainment

She-Hulk ရုပ်ရှင်မှာ မင်းသား Mark Ruffalo ပါဝင်လာဖို့ သေချာကြောင်း အတည်ပြု

Want create site? Find Free WordPress Themes and plugins.

She-Hulk တီဗီစီးရီးကို Disney Plus မှာ ပြသမယ်လို့ Marvel အနေနဲ့ လွန်ခဲ့တဲ့နှစ် သြဂုတ်လကတည်းက အတည်ပြုခဲ့တာဖြစ်ပြီး နိုဝင်ဘာလမှာတော့ Hulk သရုပ်ဆောင် Mark Ruffalo အနေနဲ့လည်း သူ့အနေနဲ့ She-Hulk မှာ ပါဝင်ဖို့အတွက် Marvel ရဲ့ တာဝန်ရှိပုဂ္ဂိုလ် Kevin Feige နဲ့ ဆွေးနွေးပြီးပြီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

“Avengers: Endgame” မှာ ပါဝင်ခဲ့တဲ့ နာမည်ကျော်တယောက်ဖြစ်သူ Mark Ruffalo အနေနဲ့ She-Hulk မှာပါ ထပ်မံပါဝင်လာရဖို့ ရှိတာကြောင့် အနုပညာကြေး တိုးမြှင့်ရရှိဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ Mark Ruffalo ကို တီဗီစီးရီးမှာ တွေ့မြင်ရဖို့ကလည်း သေချာသထက် သေချာလာခဲ့တာကြောင့် သူ့အနေနဲ့ ဧည့်သည် သရုပ်ဆောင်တယောက်ထက် ပိုတဲ့ အခန်းကဏ္ဍတခုမှာ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။

Bruce Banner (Hulk) ဟာ Jennifer Walters ရဲ့ အသွင်ပြောင်းမှုမှာ အဓိကသော့ချက်အနေနဲ့ ပါဝင်ရမှာဖြစ်ပြီး သူ့ရဲ့ အသက်ကို ကာကွယ်ဖို့ အရေးပေါ် သွေးလွှဲပြောင်းမှု ပြုလုပ်ပေးခဲ့ရတဲ့ ဇာတ်အိမ် တည်ဆောက်မှုပုံစံကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နောင်တချိန် MCU ရဲ့ ခြေလှမ်းသစ်တွေမှာ ဖြည့်စွက် ပါဝင်လာနိုင်ဖို့ရှိသလို လတ်တလော အခြေအနေအရတော့ တီဗီစီးရီးအဖြစ် စတင်မိတ်ဆက်မယ့် ဇာတ်ကောင်တယောက်လည်း ဖြစ်ပါတယ်။

Hulk ရဲ့ အသိမိတ်ဆွေတွေဖြစ်တဲ့ General Ross နဲ့ Betty တို့ပါ ဒီတီဗီစီးရီးမှာ ပါဝင်လာဖို့ရှိနေကြောင်း၊ Hulk Universe ကိုလည်း Marvel အနေနဲ့ အတည်တကျ တည်ဆောက်ဖို့ အစီအစဉ်နဲ့လျာထားချက်တွေ ရှိကောင်းရှိနေနိုင်တာဖြစ်ကြောင်း သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် Hulk ဖြစ်စေခဲ့တဲ့ ဆေးရည်ကို စတင် မိတ်ဆက်ခဲ့သလိုပဲ ဒီတီဗီစီးရီးမှာလည်း She-Hulk ရဲ့ အသွင်ပြောင်းလဲမှုကနေ The Incredible Hulk နောက်ဆက်တွဲ ရုပ်ရှင်နဲ့ ချိတ်ဆက်ဖို့ ရှိနေနိုင်တာ ဖြစ်ကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှာ သုံးသပ်ပြောဆိုနေကြပြီ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

“Thor: Love and Thunder” ရုပ်ရှင်မှာ ပါဝင်ဖို့ရှိနေတဲ့ မင်းသား Christin Bale

DCEU ရဲ့ အမျိုးသမီးဇာတ်ကောင် Catwoman ကိုထုတ်လုပ် ရိုက်ကူးဖို့ရှိနေတဲ့ Warner Bros.

Did you find apk for android? You can find new Free Android Games and apps.
Loading