Entertainment

အခွင့်အလမ်းကောင်းတွေ ရချင်လို့ အကယ်ဒမီ ရွှေကြို ဝင်ပြိုင်ခဲ့တဲ့ ရွှေရူပါဦး

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ ခုနှစ်၊ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြို ရွေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ရွှေရူပါဦးကတော့ ရွှေကြိုမှာ ပါဝင်ခွင့်ရရင် အခွင့်အလမ်းကောင်းတွေ ရမယ်ထင်လို့ ဝင်ပြိုင်ဖြစ်တာလို့ ဆိုပါတယ်။

“ရွှေကြိုဝင်ပြိုင်ဖြစ်တာလည်း ညီမအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရမယ်လို့ ထင်ပါတယ်။ အဲ့အတွက် ရွှေကြိုကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ နောက်ထပ်လည်း အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားဦးမှာပါ။ ရွှေကြိုပါသွားရင်လည်း အကောင်ဆုံး ဆက်လက် ကြိုးစားသွားမှာပါ။ မပါသွားရင်လည်း ဆက်လက်ပြီး အနုပညာတွေ လုပ်ကိုင်သွားမှာပါ”လို့ ရွှေရူပါဦးက ပြောပါတယ်။

လတ်တလော ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid -19) ကူးစက်ရောဂါကြောင့် အကယ်ဒမီပွဲ ရက်ရွှေ့လိုက်တဲ့အပေါ်ကိုလည်း ရွှေရူပါဦးက အခုလိုပဲ ဆိုပါတယ်။

“အကယ်ဒမီ ရက်ရွှေ့သွားတော့ ဘာမှတော့ မဖြစ်ပါဘူး။ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လာတယ်လို့ပဲ မြင်ပါတယ်။ ငါ့အတွက် ကြိုးစားဖို့ အချိန် အတိုင်းအတာတခု ရှိသေးတယ်လို့ သတ်မှတ်လိုက်ပါတယ်။ လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ဆီမီးဖိုင်နယ် ရှိပါတယ်”

“အဲ့မှာ အဆင့်ဆင့် ထပ်ရွေးချယ်သွားဦးမှာပါ။ ပရိသတ်ကြီးကလည်း အားပေးကြပါတယ်။ Voting တွေကြောင့်လည်း အခုထိ ရောက်လာတယ်လို့ ထင်ပါတယ်။ အဲ့အတွက်လည်း ကျေးဇူးတင်သလို ထပ်ပြီးလည်း Voting ပေးကြပါဦး”လို့ ရွှေရူပါဦးက ပြောပါတယ်။

ရွှေကြိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တွေကလည်း သေချာရွေးချယ်ပေးနေပြီး အများပြည်သူပေးတဲ့ Voting ရဖို့ အတွက်လည်း ကြိုးစားဖို့လိုအပ်တယ်လို့ ရွှေရူပါဦးက ဆိုပါတယ်။

“ရုပ်ရှင် နှစ် ၁၀၀ ပြည့်လည်း ဖြစ်တာကြောင့် အကဲဖြတ်ဒိုင်တွေကလည်း သေချာလေးတွေ ရွေးချယ်ပေးနေတော့ အရမ်းကောင်းမွန်ပါတယ်။ အဆင်ပြေပြေလေးနဲ့ သူတို့ ခိုင်းတဲ့ ပုံစံလေးတွေ ချမှတ်ထားတဲ့ စည်းကမ်းလေးတွေကို လိုက်နာ ဖြစ်ပါတယ်။ အခက်အခဲတော့ မရှိပါဘူး။ “ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်”ဆိုတော့ ပြည်သူတွေကလည်း သေချာလေး ရွေးချယ်မယ်လို့ ထင်ပါတယ်”

“ညီမအနေနဲ့ထင်တာ Voting တခုတည်းနဲ့လည်း မရလောက်ဘူး။ ကိုယ့်ကြိုးစားမှုလည်း လိုအပ်တယ်။ တဆင့်ပြီး တဆင့်လည်း ပိုပြီး ခက်ခဲလာတယ်။ အရမ်းလည်း ရင်ခုန်လာတယ်။ တခါတလေ စိတ်ဓာတ်တွေလည်း ကျတယ်။ မပါသွားတဲ့သူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်။ ညီမ Voting နံပါတ်ကတော့ SK 24 ဖြစ်ပါတယ်။ အားပေးကြပါဦး”လို့ ရွှေရူပါဦးက ပြောပါတယ်။

ရွှေရူပါဦးကတော့ Miss Equal 2019 Winner ဆုကို ရရှိထားသလို မော်ဒယ်နဲ့ သရုပ်ဆောင်လုပ်ကိုင်ရင်း ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ထားပါတယ်။

ရွှေကြိုမှာ ပါဝင်ခွင့်ရမယ့် လူငယ်တွေအနေကို ဆုနဲ့ အခွင့်အလမ်းများကိုလည်း ပေးအပ်မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ People Choice Awards ကိုလည်း ပေးအပ်သွားမှာဖြစ်သလို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) သင်ကြားတဲ့ သရုပ်ဆောင် သင်တန်းနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

You may also like these stories:

“ဒီနှစ် ရွှေကြို ရွေးပွဲက စေတနာနဲ့ လုပ်တာပါ”လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ပြော

“ရွှေကြို Voting စနစ်က သူ့ခေတ်၊ သူ့အခါနဲ့ လုပ်ကြတာပါ”လို့ အေးအေးခိုင် ပြော

“ရွှေကြိုခေါ်ပြီး ရန်ပုံငွေရှာတာ ရုပ်ရှင်အစည်းအရုံးအတွက် အမည်းစက်ပဲ”လို့ မင်းမြတ်စိုးစံ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading