Entertainment

မေသန်းနုအမှု အယူခံ ရှုံးတဲ့အတွက် တိုင်းအဆင့် ထပ်တက်မယ့် စင်ရော်မောင်မောင်

Want create site? Find Free WordPress Themes and plugins.

ရန်ကင်းမြို့နယ် တရားရုံးမှ သရုပ်ဆောင် မေသန်းနုအား ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ရာ ယနေ့၊ မတ်လ ၁၁ ရက်နေ့မှာတော့ တရားရုံးမှ ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီလို အမိန့်ချလိုက်တဲ့အပေါ် အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မေသန်းနုရဲ့ ခင်ပွန်းဟောင်း၊ ဒါရိုက်တာ စင်ရော်မောင်မောင်က မီဒီယာတွေကို အခုလိုပဲ ပြောခဲ့ပါတယ်။

“အယူခံ ရှုံးသွားတယ်။ ကျနော်တို့ တိုင်းအထိ ဆက်တက်မယ်။ နောက်တခုက သားအတွက် စိတ်မကောင်းဘူးဗျာ”လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။

ရန်ကင်းမြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကျေနပ်မှု မရှိတာကြောင့် အယူခံ တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီအမှုမှာ မူလရုံးတရားခံ ဒေါ်မေသန်းနုကနေပြီးတော့ သူ့အပေါ် ချမှတ်ခဲ့တဲ့ မူလ ရုံးအမိန့်ပေါ့နော်။ ဒီအမိန့်အပေါ်မှာ ကျေနပ်မှု မရှိတဲ့အတွက် အယူခံတက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို မူလရုံးအမိန့်ကို ခရိုင်ရုံးမှာ အမိန့်ချပါတယ်” လို့ အရှေ့ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးအောင်နေမျိုးက ပြောပါတယ်။

တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်

တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်အနေနဲ့ မူလရန်ကင်းမြို့နယ်တရားရုံးမှာ ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၁ နှစ်အပေါ် ပြစ်ဒဏ်နည်းပါးနေတဲ့အတွက် ပြစ်ဒဏ် တိုးမြှင့်ရန်အတွက် အဆို တင်သွင်းခဲ့ပေမယ့် အဆိုပါ တင်သွင်းမှုကိုပါ အရှေ့ပိုင်းခရိုင်တရားရုံးမှ တပေါင်းတစည်းတည်း အမိန့်ချမှတ်ခဲ့ပါတယ်။

“မူလရုံးအမိန့်မှာ ဒေါ်မေသန်းနုကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ ထောင်ဒဏ် ၁ နှစ် ချမှတ်တယ်ပေါ့နော်။ အဲဒီထောင်ဒဏ်က နည်းတယ်ဆိုပြီးတော့ မူလရုံး တရားလိုဖြစ်တဲ့ ဒေါ်စန်းစန်းမြင့်က ရာဇဝတ်ပြင်ဆင်ဖို့ တက်ခဲ့တာပေါ့။ သူ့အတွက်လည်း တပေါင်းတည်း ကြားနာပြီးတော့ မူလ အမိန့်ချခဲ့တဲ့အတိုင်းပဲ အတည်ပြုခဲ့ပါတယ်”

အရှေ့ပိုင်းခရိုင်တရားရုံး၊ ပြန်ကြားရေးအရာရှိ ဦးအောင်နေမျိုး

“မူလအမိန့်ကတော့ တရားခံက အမျိုးသမီးဖြစ်တယ်။ အရင်ကလည်း ပြစ်မှု ကျူးလွန်တာ မရှိခဲ့ဘူး။ အလားတူ အပြစ်မျိုး ပေးခံရတာ မရှိဘူး။ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် မူလရုံးက သုံးသပ်ခဲ့ပြီးတော့ အလုပ်နဲ့ထောင်ဒဏ် ချမှတ်ခဲ့ခြင်းမှာ တရားမျှတမှု လျော့ချမှု မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်” လို့ ဦးအောင်နေမျိုးက ပြောပါတယ်။

 

သရုပ်ဆောင် မေသန်းနုကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှ ပုဒ်မ ၄၂၀ ဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုကတော့ ၂၀၁၆ ခုနှစ်က စတင်ကာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

“ဝေဠုကျော်နဲ့ အသံဖိုင် စစ်ဆေးမှု အခြေအနေ ဇာတ်ရှိန် ကောင်းလာပြီ”လို့ သင်းသင်း ပြော

သင်္ဃန်းကျွန်းတရားရုံးမှာ စွပ်စွဲခံထားရတဲ့ အမှုအတွက် မေသန်းနုအား ယနေ့ ရုံးထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading