ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကြောင့် ခပ်ပွပွ ဝတ်စုံတွေပဲ ဝတ်ဆင်တဲ့ Billie Eilish
ဗြိတိသျှအဆိုတော် Billie Eilish က ကမ္ဘာလှည့် ဖျော်ဖြေပွဲ စတင်လိုက်ချိန်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေအပေါ် သတင်းစကားပါးလိုက်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကြောင့် ခပ်ပွပွ အဝတ်အစားတွေကိုသာ ဝတ်ဆင်တယ်လို့ ပြောဆိုထားတဲ့ အော်စကာဆုရ ပေါ့ပ်အဆိုတော် Billie က မီယာမီမြို့မှာ နယ်လှည့်ပွဲကို စတင်လိုက်ပြီဖြစ်ပြီး သူ့ရဲ့ ဗီဒီယို မက်ဆေ့ချ်ထဲမှာ ခန္ဓာကိုယ် အနေအထားအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ပြောဆိုထားပါတယ်။
အသက် ၁၈ နှစ်အရွယ် အဆိုတော် Billie က “ကျမက သက်သောင့်သက်သာဖြစ်ရတာကို ဝတ်ဆင်ရတယ်ဆိုရင် ကျမက အမျိုးသမီး မဟုတ်တော့ပါဘူး။ တကယ်လို့ ကျမက အဝတ်အလွှာတွေကို ဖယ်လိုက်မယ်ဆိုရင် ကျမက ပေါ့ပျက်ပျက် မိန်းမဖြစ်သွားမှာပေါ့” လို့ ဆိုပါတယ်။ သူက “သူတို့က ကျမရဲ့ ခန္ဓာကိုယ်ကို မမြင်ဖူးပေမယ့် သူတို့ ကျမကို မကောင်းပြောနေတုန်းပဲ။ ဘာကြောင့်လဲ” လို့ မေးခွန်း ထုတ်လိုက်ပါတယ်။
အဲ့ဒီ ဗီဒီယိုထဲမှာတော့ အဆိုတော် Billie ဟာ အတွင်းခံ ဗယာစီယာပဲ ကျန်တော့တဲ့အထိ မြောက်များစွာသော အကျီအလွှာတွေကို ဖယ်ရှားလိုက်ပါတယ်။ အဲ့ဒီနောက် အမည်းရောင် အရည်ထဲကို နစ်မြုပ်သွားခဲ့ပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ မနှစ်တုန်းကတော့ အဆိုတော် Billie က သူ့ရဲ့ ပုံပန်းသဏ္ဍာန်အပေါ် ဝေဖန်မှုတွေကို မုန်းတီးလို့ ခပ်ပွပွ အဝတ်တွေကိုပဲ ဝတ်ဆင်ရတာ ပိုကြိုက်နှစ်သက်တယ်လို့ ဝန်ခံထားပါတယ်။
သူက “ဒါကြောင့် ကျမက ခပ်ပွပွ အဝတ်တွေကို ဝတ်ရတာပ
ါ။ အောက်မှာ ဘာရှိလဲဆိုတာကို မမြင်ရတာကြောင့် ဘယ်သူကမှ ထင်မြင်ချက်ပေးလို့ မရပါဘူး။ ဘယ်သူကမှ သူကတော့ ပိန်တယ် ဝတယ်၊ မပိန်ဘူး၊ မဝဘူး၊ သူက ပြားကပ်နေတာပဲ။ ဝတုတ်နေတာပဲလို့ ပြောလို့ မရတော့ဘူးလေ။ သူတို့ မသိတဲ့အတွက် ဘယ်သူကမှ ဘာမှ ပြောလို့ မရတော့ဘူးလေ” လို့ ရှင်းပြခဲ့ပါတယ်။ အမျိုးသမီး အနုပညာရှင်တွေဟာ စံနှုန်းနဲ့ ချိန်ထိုးဝေဖန်ခံရတဲ့ သားကောင်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူက “တကယ်လို့ ကျမက ယောကျာ်းလေးဖြစ်ပြီး ခပ်ပွပွအဝတ်တွေကို ဝတ်မယ်ဆိုရင် ဘယ်သူကမှ မျက်လုံးထဲမှာ ကန့်လန့်ဖြစ်မှာ မဟုတ်ပါဘူး။ မိန်းကလေးလို ဝတ်စမ်းပါ ခပ်ကျပ်ကျပ် အဝတ်တွေ ဝတ်စမ်းပါ။ မင်းက ပိုလှမှာပါ။ မင်းရဲ့ ဂီတလုပ်ငန်းက ပိုအဆင်ပြေမှာပါလို့ ပြောကြတဲ့လူတွေ ရှိတယ်။ အဲ့ဒီလိုတော့ လုပ်မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
အသက် ၁၈ နှစ်မှာ ဂရမ်မီ ဆုပေါင်းများစွာ ရရှိခဲ့တဲ့ အဆိုတော် Billie Eilish အကြောင်း
ဂရမ်မီဆုပေးပွဲမှာ တနှစ်တာအတွက် အကောင်းဆုံးသီချင်းဆု ရရှိခဲ့တဲ့ Billie Eilish
ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်အတွက် ဇာတ်ဝင်သီချင်း ကိုယ်တိုင်ရေးသား သီဆိုမယ့် Billie Eilish