“Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်ဟာ Box Office မှတ်တမ်းတွေမှာရော ပရိသတ်တွေ ရင်ထဲမှာပါ အကောင်းဆုံး နေရာယူနိုင်ခဲ့တာဖြစ်တဲ့အတွက် Harry Potter မတိုင်ခင် ဇာတ်ကောင်တွေနဲ့ ပတ်သက်လို့ Warner Bros. ဘက်ကနေ စိတ်အားထက်သန်နေခဲ့ပါတယ်။
အခုတခါမှာလည်း Harry Potter ရဲ့ အဓိကဗီလိန်ဇာတ်ကောင်တဦးဖြစ်သူ Voldemort ရဲ့ မူလဇာစ်မြစ်ကို သီးသန့် ရုပ်ရှင်တကားအနေနဲ့ ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဇာတ်အိမ် တည်ဆောက်မှု အကြမ်းဖျင်းအရတော့ မှော်ပညာနယ်ပယ်မှာ သူ့အနေနဲ့ ဘယ်လိုမျိုး ဆရာတဆူဖြစ်အောင် ကြိုးစား ရုန်းကန်ခဲ့ရသလဲဆိုတာကို ပုံဖော်ရိုက်ကူးမှာဖြစ်ကြောင်း ဆက်တိုက်ဆိုသလို သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ငယ်ရွယ်နုပျိုတဲ့ Voldemort အဖြစ် သရုပ်ဆောင်ရွေးချယ်ရာမှာ “Stranger Things” တီဗီစီးရီးနဲ့ နာမည်ကျော်ခဲ့သူ Noah Schnapp ကို ပထမ ဦးစားပေးအဖြစ် လျာထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘာပဲဖြစ်ဖြစ် Star Wars ရုပ်ရှင်ပရိသတ်တွေလိုပဲ Harry Potter ပရိသတ်တွေအတွက်တော့ အခုထွက်ပေါ်လာခဲ့တဲ့ သတင်းတွေသာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင်တော့ ကျေနပ်ဝမ်းသာစရာပဲ ဖြစ်ပါတယ်။ Warner Bros. အနေနဲ့ Voldemort ဇာတ်ကောင်ကို ရုပ်ရှင်အဖြစ် သီးသန့်ဖန်တီးမယ်ဆိုရင်တော့ ဂရုတစိုက်ရှိဖို့ လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။
Voldemort ဇာတ်ကောင်ကို ဘယ်ဒါရိုက်တာက အကောင်းဆုံး ကိုင်တွယ် ဖန်တီးပြနိုင်မလဲ ဆိုတာကိုတော့ Warner Bros အနေနဲ့ လေ့လာ အကဲခတ်နေဆဲဖြစ်ပြီး “Fantastic Beasts” ရုပ်ရှင်တွေလို ပရိသတ်အာရုံကို ညှို့ယူဖမ်းစားနိုင်မလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုတို့နဲ့ Harvey Weinstein ထောင် ၂၃ နှစ်ကျ
မင်းသား Tom Hanks နဲ့ ဇနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
She-Hulk ရုပ်ရှင်မှာ မင်းသား Mark Ruffalo ပါဝင်လာဖို့ သေချာကြောင်း အတည်ပြု