Entertainment

“နန္ဒာလှိုင်ရဲ့ ဝတ်စုံက ရိုးရှင်းပြီး တန်ဖိုး အရမ်းမများဘူး”လို့ ဒီဇိုင်နာ ဘုတ်ဘုတ် ပြော

Want create site? Find Free WordPress Themes and plugins.

မတ်လ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲမှာ သရုပ်ဆောင် နန္ဒာလှိုင် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို ဖန်တီးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ ဘုတ်ဘုတ်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“နိုင်ငံတော် ဘွဲ့တံဆိပ် ပေးအပ်ပွဲမှာ မနန္ဒာဝတ်ဖို့ ဘယ်လို စိတ်ကူးရခဲ့လဲဆိုတော့ မနန္ဒာက ရိုးရိုးလေးတွေပဲ ဝတ်တာ။ ပြီးတော့ အလှူနဲ့ရတဲ့ဘွဲ့လည်း ဖြစ်တယ်။ မနန္ဒာက မွန်အဆင်လေးတွေပဲ ဝတ်တာဆိုတော့ မွန်ဆင်လေးကို ညီမလေးလို ခင်ရတဲ့ သီရိသစ္စာ ပိုးထည်လုပ်ငန်းက ညီမလေးကို ရက်ခိုင်းတယ်။ အရောင်ကိုတော့ ယောဂီရောင်လေး စဉ်းစားတယ်”

“လည်ဆွဲလေးနဲ့ လိုက်မယ့် အရောင်လေး ရက်ထားတာ။ မနန္ဒာကတော့ ဘာမှ မပြောဘူး။ ကျမ ရိုးရိုးရှင်းရှင်း ကြယ်သီးလေးတွေကို Handmade လုပ်ပေးထားတယ်။ ရှင်းနေတာကို လိုချင်တော့ အကုန်လုံး ရှင်းရှင်းလေးပဲ လုပ်ထားတာ။ Simple is the best ဆိုပြီး လုပ်လိုက်တယ်”လို့ ဒီဇိုင်နာ ဘုတ်ဘုတ်က ဧရာဝတီကို ပြောပါတယ်။

မင်းသမီး နန္ဒာလှိုင်ရဲ့ ဝတ်စုံကို လှတယ် ပြောကြလို့ ကြိုးစားရကျိုးနပ်သလို အရမ်းလည်း ပျော်တယ်လို့ ဒီဇိုင်နာ ဘုတ်ဘုတ်က ဆိုပါတယ်။

ဒီဇိုင်နာ ဘုတ်ဘုတ် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

“ဒီဝတ်စုံလေးနဲ့ မနန္ဒာက ရိုးရှင်းပြီး လှနေတော့ ကြည့်လို့ မဝဘူး။ မနန္ဒာရဲ့ ဝတ်စုံလေး လှတယ်လို့ ပြောကြလို့ အရမ်းကျေးဇူးတင်တယ်။ ကြိုးစားရကျိုးလည်း နပ်တယ်။ အရမ်း ပျော်ပါတယ်။ မနန္ဒာနဲ့ အရမ်းလည်း လိုက်တယ်။ မနန္ဒာကလည်း ကြိုက်ပါတယ်။ မနန္ဒာက အကယ်ဒမီ မင်းသမီး ဖြစ်တာကြောင့် သူများတွေကို ချုပ်ရတာနဲ့တော့ မတူဘူး”လို့ ဒီဇိုင်နာ ဘုတ်ဘုတ်က ပြောပါတယ်။

ဆက်လက်ပြီး ဒီဇိုင်နာ ဘုတ်ဘုတ်က ဒီပွဲမှာ အခြားသူများက တန်ဖိုးကြီး ကျောက်မျက်ရတနာများနဲ့ ဝတ်စုံများ ဝတ်ကြပေမယ့် နန္ဒာလှိုင်ရဲ့ ဝတ်စုံကတော့ တန်ဖိုး သိပ်မများဘူးလို့ ဆိုပါတယ်။

“ဝတ်စုံတန်ဖိုးက အရမ်းတော့ မများဘူး။ တယောက်နဲ့ တယောက်ကတော့ အကြိုက်ချင်း မတူကြဘူးပေါ့။ ကိုယ့်အကြိုက်နဲ့ကိုယ် ဖန်တီး ဝတ်ဆင်ကြတာ ကောင်းပါတယ်။ ဒီဇိုင်နာတိုင်းက ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဖန်တီးကြတာ၊ ဝေဖန်စရာ မရှိပါဘူး”လို့ ဒီဇိုင်နာ ဘုတ်ဘုတ်က ဆိုပါတယ်။

အဆိုပါ နေပြည်တော် ဥပါတသန္တိစေတီ ဗိမာန်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲမှာ သရုပ်ဆောင် နန္ဒာလှိုင်က သီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဒီပွဲမှာတော့ အခြားသော အလှူရှင် သူဌေးများက သိန်းသောင်းချီတန် ကျောက်မျက်ရတနာများ စီခြယ်ထားတဲ့ ဝတ်စုံများ ဝတ်ဆင်ခဲ့ပေမယ့် သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ရိုးရှင်းတဲ့ မွန်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ခဲ့တာကြောင့် ထူးခြားပြီး လူမှုကွန်ရက်မှာ လူပြောများ ရေပန်းစားနေပါတယ်။

You may also like these stories:

သိန်းသောင်းချီတန် ဝတ်စုံကို ဖန်တီးခဲ့တဲ့အကြောင်း ပြောပြတဲ့ ဒီဇိုင်နာ သျှတ္တရ

လူပြောများနေတဲ့ မြန်မာသူဌေးတို့ရဲ့ သိန်းသောင်းချီတန် ပွဲတက်ဖက်ရှင်များ

အခွင့်အလမ်းကောင်းတွေ ရချင်လို့ အကယ်ဒမီ ရွှေကြို ဝင်ပြိုင်ခဲ့တဲ့ ရွှေရူပါဦး

Did you find apk for android? You can find new Free Android Games and apps.
Loading