Entertainment

“ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆို လိုက်နာသင့်တယ်”လို့ ဒါရိုက်တာ စတီးလ် ပြော

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ရမယ်ဆိုရင်လည်း ကျန်မာရေးအတွက် ပိတ်သင့်တယ်လို့ မြင်ကြောင်း ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

“အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆိုတော့လည်း ကျနော်တို့က အများ မိုးပြိုတာဆိုတော့ ကျနော်တို့လည်း လိုက်နာရမယ်။ ကျန်းမာရေးအတွက် ပိတ်မယ်ဆိုတော့လည်း ပိတ်ပေါ့။ ကျနော်တို့တွေ လိုက်နာသင့်တဲ့ ကိစ္စတခုလို့ မြင်ပါတယ်။ အကယ်ဒမီပေးပွဲလည်း ရက်ရွှေ့တာ ကောင်းပါတယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

ဒီနှစ် အကယ်ဒမီ ဆန်ခါတင် ရုပ်ရှင် ၂၉ ကား စာရင်းမှာလည်း ဒါရိုက်တာ စတီးလ်က သူရိုက်ကူးထားတဲ့ ဇာတ်ကား ပါဝင်တဲ့အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“ဒီနှစ် အကယ်ဒမီမှာ ကျနော့် ကားပါတော့ ငါ့လို ဒန်အိုး၊ ဒန်ခွက်သမားလည်း ပါတယ်ပေါ့။ နှိမ်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အမြဲအောက်ဆုံးမှာပဲ နေတာကြောင့် ဘာပဲပြောပြော ကိုယ်လုပ်ထားတဲ့ လုပ်ကွက်တခုက ဒီပေါ်မှာ ပါလာတယ်ဆိုတာ ဂုဏ်ယူစရာလေးတခုပေါ့။ အဲ့ပေါ်မှာမှ ဇာတ်ကားထဲက သရုပ်ဆောင်တွေအတွက်လည်း ပီတိဖြစ်မိတာပေါ့”လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။

မကြာခင် ရုံတင်မယ့် “ငါ၏အမိန့်” ဇာတ်ကားကိုလည်း ပုံဖော် ရိုက်ကူးထားတဲ့ ဒါရိုက်တာ စတီးလ်က ဇာတ်ကား ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော် “ငါ၏အမိန့်” ဇာတ်ကားက မြင့်မြတ်နဲ့ ကျနော် နောက်ဆုံး ရိုက်ဖြစ်တဲ့ကားပေါ့။ အဲ့နောက်ပိုင်းမှာ သူနဲ့ ကျနော်နဲ့ ဆုံဖို့ နည်းနည်း ဝေးသွားတယ်။ သူက ဟာသကားလေးတွေ ရိုက်ချင်နေတဲ့အချိန်ကိုယ်လည်း ဟာသ မရိုက်တတ်တော့ နောက်ပိုင်း မဆုံဖြစ်ဘူး။ ဒီဇာတ်ကို မင်းသမီး ၃ လက်လောက်ပေးဖူးတယ်။ သူတို့က ဇာတ်ကို ဖတ်ပြီး လှတပတ မရှိဘူး”

“စကား ပြောတာတွေ အများကြီး မပါဘူး။ အိမ်တအိမ်ထဲမှာ ပြီးသွားတဲ့ ဇာတ်မျိုးဆိုတော့ လုပ်ကွက်သိပ်မရှိဘူးလို့ ထင်တယ်။ အဲ့အတွက် ငြင်းကြတယ်။ မင်းသမီး အဆင်မပြေတာနဲ့ မိုးဟေကိုကိုလည်း ရိုက်ပါလား၊ ကိုယ်တိုင်လည်း ထုတ်လုပ်သူ ဆိုတော့ ဒီဇာတ်ကို ကိုယ်တိုင်ပဲ ရိုက်ဖြစ်သွားတာပါ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကွင်းတခုမှာ ဖြူဖြူထွေးနဲ့ ဆုံဖြစ်ခဲ့တဲ့ အမှတ်တရ တခု အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ဖြူဖြူထွေးကို ရိုက်ကွင်းမှာ ပထမဆုံး ဆုံဖူးတာ။ သူနေတာထိုင်တာ ကြည့်တော့ လုံးဝ အဖြူထည်ပဲ။ ဒီဇာတ်နဲ့ ဘယ်လို လိုက်ဖက်အောင် ဆွဲခေါ်ရမလဲဆိုတော့ သူ့ကာရိုက်တာကို ပြောင်းလို့ မရဘူး။ ဒိုင်ယာလော့ ပြောနေချိန်မှာ သူ့ကို ဆူလိုက်တယ်။ ပြီးတော့ သူ့ကျောကို ၃၊ ၄၊ ၅ ချက်လောက် တီးပြီး ငိုသွားတော့ ဒိုင်ယာလော့ကို ထောက်ပေးလိုက်တယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

ဒါရိုက်တာ စတီးလ် ရိုက်ကူးထားတဲ့ “ငါ၏အမိန့်” ရုပ်ရှင်ကားကိုတော့ သရုပ်ဆောင် မိုးဟေကိုရဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း ၊နေမျိုးအောင်၊ မိုးဟေကိုနဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ မတ်လ ၁၉ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading