Warner Bros. ထုတ်လုပ်ရေး အနေနဲ့ DCEU ရဲ့ လာမယ့် ရုပ်ရှင်သစ်တွေနဲ့ ပတ်သက်တဲ့ ခြေလှမ်းတွေမှာ မင်းသား Ryan Reynolds ကို အလိုရှိနေကြောင်း ဖွင့်ဟခဲ့တယ်လို့ လွန်ခဲ့တဲ့ တရက်ခန့်က သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
Warner Bros. ဘက်ကတော့ အကယ်၍ Ryan Reynolds သာ စတူဒီယိုနဲ့ ပြန်လည်လက်တွဲခဲ့မယ်ဆိုရင် Green Lantern ဇာတ်ကောင် မဟုတ်တဲ့ တခြားနာမည်ကျော် ဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းသွားမှာလည်း ဖြစ်ပါတယ်။
Ryan Reynolds ပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ “Green Lantern” ရုပ်ရှင်ဟာ DCEU ပရိသတ်တွေနဲ့ ဝေဖန်ရေး နယ်ပယ်မှာ ကျရှုံးခဲ့ဖူးတာကြောင့် အခုတချိန်မှာ WB သာ ကမ်းလှမ်းမယ်ဆိုရင် ဘယ်ဇာတ်ကောင် နေရာအတွက်လဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Ryan Reynolds ဟာ ရုပ်ပြတွေကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးတဲ့ ရုပ်ရှင် တော်တော်များများမှာ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး Deadpool ကတော့ သူ့ရဲ့ ပင်တိုင်ဇာတ်ကောင်အဖြစ် Marvel ပရိသတ်တွေကြားမှာ ရေပန်းစား ကျော်ကြားခဲ့ပါတယ်။
Deadpool ရုပ်ရှင်စုစုပေါင်း ၃ ကားတိတိ ထွက်ရှိမှာဖြစ်ပေမယ့် အခုအချိန်ထိတော့ Disney အနေနဲ့ ဘယ်လို ဆက်လက် ကိုင်တွယ်မလဲဆိုတာ မသိရသေးဘဲ ကာလအပိုင်းအခြား တခုအထိ ကြာမြင့်နေတာ ဖြစ်ပါတယ်။
ဒီလို အခွင့်အရေးကောင်းကို WB ဘက်က အသုံးချပြီး Ryan Reynolds နဲ့အတူ ပြန်လည် လက်တွဲပြီး ရုပ်ရှင်အသစ်တွေ ဖန်တီးနိုင်မလားဆိုတာကတော့ DCEU ပရိသတ်တွေရော Marvel ပရိသတ်တွေကြား ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်တခုပဲ ဖြစ်ပါတယ်။
WB နဲ့ Ryan Reynolds တို့ကြားမှာ တရားဝင် ညှိနှိုင်း ဆွေးနွေးမှု မရှိသေးပေမယ့် WB ကတော့ Ryan Reynolds သာ စတူဒီယိုနဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိတယ်ဆိုရင် Booster Gold ဇာတ်ကောင်နေရာကို အဓိကထား ကမ်းလှမ်းသွားမယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“သားတွေ အနုပညာ ဝါသနာပါရင် ပံ့ပိုးဖို့ အဆင်သင့်ပဲ”လို့ နေမျိုးအောင် ပြော
“ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆို လိုက်နာသင့်တယ်”လို့ ဒါရိုက်တာ စတီးလ် ပြော
Tom Hanks ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ထွန်းထွန်း