“The Batman” ရုပ်ရှင်အသစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ လုပ်ဆောင်ခဲ့ရတဲ့ နောက်ဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
သြစတြေးလျက “Elvis Presley” ရုပ်ရှင် ရိုက်ကူးဖို့ ပြင်ဆင်နေစဉ်မှာ မင်းသားကြီး Tom Hanks နဲ့ ဇနီး Rita Wilson တို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တဲ့နောက် Warner Bros. ဟာ “The Batman” ရုပ်ရှင်ထုတ်လုပ်ရေးကို သီတင်းနှစ်ပတ်ကြာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ရဲ့ ဝန်ထမ်းတွေကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေစလို့ လန်ဒန်မြို့မှာ ရိုက်ကူးရေး လုပ်ဆောင်နေတာ ဖြစ်ပြီး လီဗာပူးမြို့ကို ရိုက်ကွင်းပြောင်းဖို့ စီစဉ်ထားတာပါ။
Warner Bros. ကတော့ ရိုက်ကွင်း ပြောင်းမယ့်အချိန်မှာ ရိုက်ကူးရေးကို ခေတ္တရပ်နားဖို့ဟာ အကောင်းဆုံးဖြစ်တယ်လို့ ယူဆထားပါတယ်။ ရိုက်ကူးရေး ဘယ်အချိန် ပြီးဆုံးမယ်ဆိုတာနဲ့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ပြသမယ့် အစီအစဉ်ကိုလည်း ထိခိုက်မှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
WB ကနေပဲ ထုတ်လုပ်နေတဲ့ နောက်ထပ် ရုပ်ရှင်၂ ကားဖြစ်တဲ့ “Matrix 4” နဲ့ မင်းသား Will Smith ရဲ့ “King Richard” တို့ကိုလည်း ရပ်ဆိုင်းထားပါတယ်။ “The Matrix” ရုပ်ရှင်ကို ဘာလင်မြို့မှာ ရိုက်ကူးနေတာ ဖြစ်ပေမယ့် ဘေးကင်း လုံခြုံမှု ရှိစေဖို့ လုပ်ဆောင်ဖွယ်ရာတွေကို ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
“King Richard” ရုပ်ရှင်ရိုက်ကွင်းကတော့ လော့စ်အင်ဂျလိစ်မြို့မှာ ရာသီဥတု အခြေအနေ ဆိုးရွားနေတာကြောင့် ရိုက်ကူးရေး အစီအစဉ်ကို ရပ်နားထားပြီး နောက်ရက် အနည်းငယ်အတွင်းမှာ ပြန်လည် စတင်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
“The Batman” ရုပ်ရှင်မှာတော့ လင်းနို့လူသားအဖြစ် Robert Pattinson နဲ့ Catwoman အဖြစ် မင်းသမီး Zoe Kravitz တို့က ပါဝင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ဟောလိဝုဒ်က ရုပ်ရှင်တော်တော်များများလည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ညပိုင်းမှာတော့ “Jurassic World: Dominion” နဲ့ “Flint Strong” ရုပ်ရှင်တွေကို ရပ်နားလိုက်ကြောင်း Universal က ကြေညာခဲ့ပြီး နောက်တနေ့ မနက်မှာတော့ Sony ရဲ့ “The Man From Toronto” ရုပ်ရှင်ရိုက်ကူးရေးကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref. Yahoo
You may also like these stories:
The Batman ရုပ်ရှင်မှာ စီးမယ့် Batmobile အသစ်ထွက်ပေါ်လာပြီဖြစ်
“Guardians of The Galaxy” Vol.3 ရဲ့ ဗီလိန်ဇာတ်ကောင်၂ယောက်ကို ဖော်ပြလိုက်ပြီဖြစ်
“Shazam! 2” ရုပ်ရှင်မှာ Superman ကို ဧည့်သည်သရုပ်ဆောင် အဖြစ် တွေ့မြင်ရဖို့ရှိနေ