မင်းသား Ryan Reynolds နဲ့ ဇနီး Blake Lively တို့ဟာ ကိုရိုနာဗိုင်းရပ်စ် လျော့ပါးသက်သာစေရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ကူညီဖို့ မြောက်အမေရိကမှာ ရှိတဲ့အစားအစာ မျှဝေပေးရာ နေရာတွေကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။
မင်းသားတို့ စုံတွဲဟာ Feeding America နဲ့ Food Banks Canada အဖွဲ့တို့က ထောက်ခံအားပေး ကြောင်း ဆိုရှယ်မီဒီယာမှာ ပြောဆိုခဲ့ပြီး အခုလိုမျိုး လှူဒါန်းမှု ပြုလုပ်ခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
“Covid-19 ဟာ သက်ကြီးရွယ်အိုတွေနဲ့ ဝင်ငွေ နည်းပါးတဲ့ မိသားစုတွေကို အရမ်း ထိခိုက်နေပါတယ်။ Blake နဲ့ ကျနော်တို့ဟာ Feeding America နဲ့ Food Banks Canada တို့ကို ဒေါ်လာ ၁ သန်း လှူဒါန်း လိုက်ပါတယ်။ တကယ်လို့ ခင်ဗျားတို့လည်း ပေးနိုင်တယ်ဆိုရင် အဲ့ဒီအဖွဲ့အစည်းတွေက ခင်ဗျားတို့ရဲ့ အကူအညီကို လိုအပ်နေပါတယ်။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ကြပါ။ သီးခြား ခွဲနေရပြီး ဆက်သွယ်မှုတွေ လိုအပ်နေတဲ့သူ တဦးဦးဆီ ဖုန်းခေါ်လိုက်ပါ”လို့ မင်းသားက ဆိုပါတယ်။
အခုလိုမျိုး ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေတဲ့အချိန်အတွင်း ဝင်ငွေနည်းပါးသူတွေထံ အစားအစာ ဝေမျှပေးဖို့ ကြိုးစားနေရတာကြောင့် Feeding America အဖွဲ့က အကူအညီတောင်းခံခဲ့ပြီးတဲ့နောက် မင်းသား Ryan Reynolds နဲ့ ဇနီး Blake Lively တို့နှစ်ဦးရဲ့ လှူဒါန်းမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Feeding America အဖွဲ့ဟာ အမေရိကန်နိုင်ငံတဝန်းမှာ အစားအစာမျှဝေတဲ့နေရာပေါင်း ၂၀၀ ကျော်ရှိနေပြီး နိုင်ငံတဝန်း အခုလိုမျိုးအချိန် အလုပ်အကိုင်ရှားပါးမှုနဲ့ အစားအစာ ဘေးကင်းလုံခြုံမှု မရှိတာနဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မိသားစုတွေဆီကို အကူအညီနဲ့ အစားအစာ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
Ref: contactmusic
You may also like these stories:
ဗြိတိသျှမင်းသား Idris Elba ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြု
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မင်းသားကြီး Tom Hanks ဆေးရုံက ဆင်းပြီ
ဂျိမ်းစ်ဘွန်းမင်းသမီး Olga Kurylenko ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ