ကမ္ဘာ့အကျော်ကြားဆုံးအနုပညာရှင်တွေ တက်ရောက်ကြတဲ့ Met Gala နှစ်ပတ်လည်ပွဲကို လာမယ့် မေလ ၄ ရက်နေ့ ကျရင် ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပေမယ့် ပွဲကျင်းပမယ့် Metropolitan Museum of Art ကတော့ ပွဲကို ဖျက်သိမ်းမှာဖြစ်တဲ့အကြောင်း ဝန်ထမ်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။
Vogue မဂ္ဂဇင်းရဲ့အဆိုအရ လာမယ့် သီတင်း ၈ ပတ်အတွင်း လူဦးရေ ၅၀ ထက်ပိုမိုစုဝေးခြင်းမပြုလုပ်ဖို့ ရောဂါထိန်းချုပ်ရေး စင်တာက အကြံပေးထားတာကြောင့် အဲ့ဒီပွဲကို ဖျက်သိမ်းမှာ ဖြစ်တဲ့အကြောင်း ရုံးတွင်းအီးမေးလ်ကနေ တဆင့် ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် မေလ ၁၅ ရက်နေ့အထိ ပြတိုက်မှာပြုလုပ်မယ့် အစီအစဉ်တွေနဲ့ ပွဲတွေ အားလုံးကို ဖျက်သိမ်း၊ ရွှေ့ဆိုင်းထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အခုကျင်းပမယ့် နာမည်ကျော်ပွဲမှာတော့ မင်းသမီး Emma Stone ၊ မင်းသမီးကြီး Meryl Streep ၊ တေးရေးဆရာ Lin-Manuel Miranda ၊ Louis Vuitton အနုပညာဆိုင်ရာဒါရိုက်တာ Nicolas Ghesquière နဲ့ Anna Wintour တို့က ပူးတွဲဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူကြမှာ ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ အဲ့ဒီပွဲရဲ့ ခေါင်းစဉ်ကို “About Time: Fashion and Duration” လို့ပေးထားတဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ အဲ့ဒီ Gala ပွဲတခုလုံးမှာ ၁၈၇၀ ခုနှစ်ကနေ ယနေ့လက်ရှိအချိန်အထိ ဖြတ်သန်းလာခဲ့တဲ့ ဖက်ရှင်သမိုင်းကြောင်းကို ခြေရာကောက်မှာ ဖြစ်ပါတယ်။
ပွဲရဲ့ ဒါရိုက်တာ Max Hollein က “ဒီပြပွဲကိုရှေ့ကိုလျင်လျင်မြန်မြန်လှမ်းနေတဲ့ ဖက်ရှင်ရဲ့ ထောင့်ပေါင်းစုံက ပုံရိပ်တွေကို နောက်ကြောင်းပြန်ရင်းနဲ့ ဖက်ရှင်ရဲ့ သဘောသဘာဝကို ထည့်သွင်းဖော်ပြကြမှာဖြစ်ပါတယ်။ ဒီပြတိုက်ရဲ့ နှစ်ပေါင်း ၁၅၀ ကြာမြင့်ခဲ့တဲ့ သမိုင်းတလျှောက်လုံးမှာ ရှိတဲ့ ဖက်ရှင်ရဲ့ ဆက်လက်တည်ရှိမှုကို ပုံဖော်ပြသမှာလည်း ဖြစ်ပါတယ်” လို့ဆိုပါတယ်။
ပြပွဲအတွက် ပြတိုက်မှုး Andrew Bolton ကတော့ “ဖက်ရှင်ဟာ အချိန်နဲ့ တော်တော်လေးကို ဆက်စပ်နေပါတယ်။ အချိန်ရဲ့ လှုပ်ရှားမှုကို ကိုယ်စားပြု ရောင်ပြန်ဟပ်ရုံသာမက အချိန်နဲ့အတူ ဖက်ရှင်က ပြောင်းလဲ ဖွံ့ဖြိုးလာပါတယ်။ အခုပြပွဲမှာကတော့ အလှည့်အပြောင်းတွေကို ပြန်လည်လေ့လာဖို့ အချိန်ခါနဲ့ ဖက်ရှင်သမိုင်းကို ပြန်ပြောင်းလေ့လာ နိုင်မယ့် ပုံစံကို အသုံးပြုမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref:asiaone
You may also like these stories
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား