Guardians Of The Galaxy ဟာ အခုအချိန်မှာဆိုရင် Trilogy အဖြစ်ဖန်တီးဖို့ နောက်ဆက်တွဲရုပ်ရှင်တကားသာ လိုအပ်တော့တာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိမယ့် ရုပ်ရှင်မှာလည်း ရုပ်ပြထဲကအတိုင်း တခြား အစောင့်အရှောက် တွေနဲ့ GOTG အဖွဲ့သားတွေဆီ လာရောက်ပူးပေါင်းမှာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ အမျှော်လင့်ကြီး မျှော်လင့်ထားကြတာဖြစ်ပါတယ်။
Adam Warlock , Nova နဲ့ Lylla အစရှိတဲ့ ဇာတ်ကောင်တွေတောင် ပါဝင်လာဖို့ရှိနေကြောင်း ကောလာဟလသတင်း တွေ ထွက်ပေါ်ခဲ့ဖူးတာဖြစ်ပြီး အခုအချိန်မှာလည်း Marvel အနေနဲ့ Moondragon ဆိုတဲ့ LGBT ဇာတ်ကောင်တနေ အတွက် နာမည်ကျော်သရုပ်ဆောင်တဦးကို မျက်စိကျနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Moondragon ဇာတ်ကောင်နေရာအတွက် ဦးစားပေးသရုပ်ဆောင်အဖြစ် မင်းသမီး Jenifer Lawrence ကိုပဲ ဒါရိုက်တာ James Gunn ရဲ့ GOTG Vol.3 မှာ တွေ့မြင်ရနိုင်ခြေရှိနေခဲ့တာပါ။
Jenifer Lawrence နဲ့အတူ ရွေးချယ်ခံရဖို့ အပြိုင်ရှိနေတဲ့ နောက်ထပ်မင်းသမီးတဦးလည်းရှိနေပြီး သူမကတော့ Elle Fanning ပဲဖြစ်ပါတယ်။ Marvel အနေနဲ့ ရိုက်ကူးသူ ဒါရိုက်တာတွေ စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ကို ပေးအပ်ထားတာဖြစ်တာကြောင့် နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်သစ်တွေဟာ ပရိသတ်တွေကို အရင့်အရင်ရုပ်ရှင် တွေထက် ဖမ်းစားနိုင်မှာအသေအချာပါ။
ရုပ်ပြထဲမှာတော့ Moondragon ဟာ Phyla-Vell နဲ့ သမီးရည်းစားဆက်ဆံရေးတခုရှိနေတာဖြစ်ပြီး အခုလိုဆက်ဆံရေး ကနေပဲ MCU ရဲ့ နောက်ထပ်ခြေလှမ်းသစ်တွေထဲမှာ အခန်းကဏ္ဍတစိတ်တပိုင်းအဖြစ် ပါဝင်လာဖို့ရှိကြောင်း ခန့်မှန်း ပြောဆိုမှုတွေရှိနေခဲ့တာပါ။ Moondragon သာ အကယ်လို့ GOTG မှာ ပါဝင်လာခဲ့မယ်ဆိုရင်တော့ Marvel ရဲ့ ပထမဆုံး LGBT ဇာတ်ကောင်အဖြစ် မှတ်တမ်းတင်ခံရဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories
“Guardians of The Galaxy” Vol.3 ရဲ့ ဗီလိန်ဇာတ်ကောင်၂ယောက်ကို ဖော်ပြလိုက်ပြီဖြစ်
“Guardians of the Galaxy Vol. 3” ကို စတင်ရိုက်ကူးမယ့်အချိန် ဒါရိုက်တာ အတည်ပြု