ဂစ်တာတီးကာ Cover Song တွေ ဆိုရင်း လူသိများလာတဲ့ ဆယ်ကျော်သက် အဆိုတော် မေလသံစဉ်ဟာ ရွှေကြို Grand Final တက်ရောက်ခွင့်ရခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။
“ရွှေကြိုကနေ နုတ်ထွက်လိုက်တာက ရွှေကြိုအဖွဲ့နဲ့ ပြဿနာရှိလို့လားမေးကြတယ်။ ဘာပြဿနာမှမရှိပါဘူး။ ပြင်ဦးလွင်မှာ အဘိုးကျန်းမာရေး မကောင်းဖြစ်နေတာကြောင့်ဖေဖေတို့ မေမေတို့ကသွားမှာပါ။ ဖေဖေတို့ မေမေတို့က သူတို့သွားရင် တမိသားစုလုံး တူတူသွားရမှာမလို့ ။ဒါကြောင့်ဆက်မပြိုင်ဖြစ်တာပါ”
“ သမီးကို ချစ်ပြီး Grand Final တက်ခွင့်ရ အောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို အရမ်းပဲကျေးဇူးတင်ပါတယ်။ နောက်ထပ် ဆက်မပြိုင်ဖြစ် တော့တာ ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ချင်ပါတယ်။ သမီးလည်း တော်တော်စိတ်မကောင်းဖြစ်ရ ပါတယ်”လို့ မေလသံစဉ်ကပြောပါတယ်။
ဒီနှစ်အကယ်ဒမီပေးပွဲကို မတ်လကုန်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တဲ့အနေနဲ့ ပွဲကို ရက်ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။
မေလသံစဉ်က တကိုယ်အခွေ ထွက်ဖို့ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မေလလောက်မှ ထွက်ဖြစ်တော့မယ် လို့လည်း ဆိုပါတယ်။
“တချို့ ပရိသတ်တွေက သီချင်းဆိုတာကိုပဲ လုပ်စေချင်တာကြောင့် သီချင်းလေးတွေ ဆက်ဆိုသွားမယ်။ အနုပညာ အလုပ်လေးတွေလည်း အလျဉ်းသင့်သလို လုပ်သွားမယ်။ သီချင်းအခွေလေးလည်း ပြီးနေပြီ။ မေလလောက်ကျမှပဲ ထွက်မယ်။ အခုရောဂါတွေနဲ့ ဆိုတော့ မထွက်ဖြစ်သေးတာပါ”လို့ မေလသံစဉ်ကပြောပါတယ်။
အဆိုတော် မေလသံစဉ်ဟာ အသက် ငယ်ရွယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး ၄ တန်းအရွယ်မှာ စန္ဒရား တီးတတ်ခဲ့ပြီး ၆ တန်းအရွယ်မှာတော့ ဂစ်တာ တီးတတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မေလသံစဉ်က သီချင်းများသီဆိုနေရင်း ပရိသတ်တွေ အားပေး ချစ်ခင်ခံနေရတဲ့ ဆယ်ကျော်သက် အဆိုတော်တဦးပဲ ဖြစ်ပါတယ်။
You may also like these stories:
Guardians Of The Galaxy အပိုင်း ၃မှာ Jenifer Lawrence ပါဝင်လာနိုင်ခြေရှိ
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုပြုလုပ်ကြတဲ့ အနုပညာရှင်များ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရှိနေပေမယ့် ကိုရီးယားမှာ ရုပ်ရှင်အသစ်တွေ ပြဖို့ရှိနေ