ဒါရိုက်တာကြီး Steven Spielberg ဟာ မင်းသား Vin Diesel ရဲ့ အမာခံ ပရိသတ်တဦး ဖြစ်ပါတယ်။ မင်းသား Diesel က The National မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ တကယ်လို့ သူသာ ဒါရိုက်တာထိုင်ခုံဆီ ပြန်မသွားဘူးဆိုရင် ရုပ်ရှင်လောကအတွက် ရာဇဝတ်မှုဖြစ်သွားနိုင်တယ်လို့ ဒါရိုက်တာကြီး Spielberg ပြောဆိုခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။
မင်းသား Diesel ဟာ ၁၉၉၅ ခုနှစ်တုန်းက “Multi-Facial” လို့ခေါ်တဲ့ ဇာတ်လမ်းတို တကားကို ကိုယ်တိုင်ရေးသား ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၉၇ ခုနှစ်မှာ “Strays” ရုပ်ရှင်နဲ့ ဒါရိုက်တာအဖြစ် ပထမဆုံး ပွဲဦးထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ Spielberg က မင်းသား Diesel ကို ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Saving Private Ryan” ရုပ်ရှင်မှာ သရုပ်ဆောင်အဖြစ် ထည့်သုံးခဲ့ပါတယ်။
“Steven Spielberg အကြောင်း ပြောရမယ်ဆိုရင် ကျနော် သူ့ကို မကြာသေးခင်တုန်းက တွေ့ခဲ့သေးတယ်။သူက ကျနော့်ကို ပြောခဲ့တယ်။ “Saving Private Ryan” မှာ မင်းအတွက် ဇာတ်ကောင်တခုကို ရေးထားတယ်တဲ့။ ငါ မင်းသား သရုပ်ဆောင်အနေနဲ့ အလုပ်ခန့်မယ်တဲ့။ ဒါပေမဲ့ ငါက ဒါရိုက်တာလုပ်ခဲ့တဲ့ မင်းကို လျှို့ဝှက်စောင့်ကြည့်ခဲ့တယ်”
“မင်းက ဒါရိုက်တာလုပ်တာ မလုံလောက်သေးဘူးတဲ့လေ။ မင်းသာ ဒါရိုက်တာ ထိုင်ခုံကို ပြန်မသွားရင် ရုပ်ရှင်လောကအတွက် ရာဇဝတ်မှု ဖြစ်သွားနိုင်တယ်တဲ့။ ကျနော်က အခုအချိန်အထိ ဒါရိုက်တာအဖြစ် လုံလောက်မှု မရှိသေးပါဘူး”လို့ မင်းသားက ဆိုပါတယ်။
မင်းသားရဲ့ ပြောဆိုချက်အရ သူသာ ကင်မရာနောက်ကွယ်က ဒါရိုက်တာအဖြစ် ပြန်သွားရမယ်ဆိုရင် Carthaginian စစ်တပ်ဗိုလ်ချုပ် Hannibal အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ မင်းသားက “ကျနော် အပြီးတိုင်မလုပ်ရသေးပါဘူး။ ကျနော့်ရဲ့ အောင်မြင်ပေါက်မြောက်အောင် လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတွေ ရှိလေလေ ကျနော်ဆက်ပြီး လုပ်ဆောင်ရဦးမှာပါပဲ”လို့ ပြောပါတယ်။
အသက် ၅၂ နှစ်အရွယ် မင်းသား Vin Diesel ဟာ “Fast & Furious” ရုပ်ရှင်တွေနဲ့ အထူး နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။
“XXX” ရုပ်ရှင်စီးရီးနဲ့ “The Chronicles of Riddick” ရုပ်ရှင်တွေနဲ့လည်း ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ “Guardians of the Galaxy” ရုပ်ရှင်တွေထဲမှာ Groot အဖြစ် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မကြာမီရုံတင်မယ့် “Bloodshot” ရုပ်ရှင်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင်တွေမှာ သူ့ကို ထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်။
Ref: etcanada
You may also like these stories:
Guardians Of The Galaxy အပိုင်း ၃မှာ Jenifer Lawrence ပါဝင်လာနိုင်ခြေရှိ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရှိနေပေမယ့် ကိုရီးယားမှာ ရုပ်ရှင်အသစ်တွေ ပြဖို့ရှိနေ
COVID-19 လျော့ပါးစေရေးအတွက် မင်းသား Ryan Reynolds နဲ့ ဇနီး ဒေါ်လာ ၁ သန်း လှူဒါန်း