• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက မလိုဘူးလို့ ထင်တယ်”

by ယုဖြူဟန်
19 March 2020
in Entertainment
A A
ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ တရားလိုဖြစ်သူ မခင်မြတ်နိုး  / ယုဖြူဟန် / ဧရာဝတီ

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ တရားလိုဖြစ်သူ မခင်မြတ်နိုး / ယုဖြူဟန် / ဧရာဝတီ

17.7k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးမှ
တရားစွဲဆိုထားတဲ့ အမှုဟာ ယခု တပတ်မှာတော့ ၁၀ ကြိမ်မြောက် ရုံးချိန်းရှိပြီ ဖြစ်ပါတယ်။ ယခု ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ မိုးအောင်ရင်အား တရားစွဲဆိုချက်အတွက် ထုချေဖြေရှင်းစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ သရုပ်ဆောင် မိုးအောင်ရင်အပေါ်ကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ အရ ထုချေ ဖြေရှင်းစေဖို့အတွက် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။ စွပ်စွဲခံရသူဘက်ကနေ တရားလို မခင်မြတ်နိုးအား ပြန်ခေါ်စစ်မေးချင်တယ်လို့ လျှောက်ထားခဲ့တဲ့အတွက် ပြန်ခေါ်စစ်မေးခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.4k
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
759
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k

တရားလိုဖြစ်သူ ခင်မြတ်နိုးကိုလည်း တဖက်ရှေ့နေမှ ပြန်ခေါ်သက်သေအနေနဲ့ စစ်ဆေးခဲ့တဲ့အတွက် ခင်မြတ်နိုးက မေးသမျှအား အမှန်အတိုင်းနဲ့ မထိန်ချန်ဘဲ ဖြေခဲ့တယ်လို့ ပြောပါတယ်။

“စွဲချက်က တင်လိုက်ပြီ။ ကျမကို ပြန်ခေါ်သက်သေအနေနဲ့ စစ်ဆေးပါတယ်။ သူတို့မေးတာ အကုန်ဖြေတယ်။ အမှန်အတိုင်း ဖြေတယ်။ ဘာမှ ထိန်ချန်မထားဘူး”လို့ ခင်မြတ်နိုးက ပြောပါတယ်။

ဒီလို ပြန်ခေါ်စစ်မေးမှုမှာတော့ တဖက်ရှေ့နေမှ ခင်မြတ်နိုးအား တချိန်က မိုးအောင်ရင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့စဉ်အချိန်မှ အကြောင်းများ ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို စစ်မေးခဲ့ခြင်းအပေါ် ခင်မြတ်နိုးက သူ့ရဲ့သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။

“ခံစားရတယ်။ ဒါကိုပဲ ပြောချင်နေတာလေ။ မူးယစ်ဆေးဝါးကို ကိုယ်သုံးတယ်ဆိုတာပဲ ထင်ပြီးတော့ တဖက်သတ် ပြောချင်နေတာဆိုတော့ ကိုယ်လည်း ကိုယ်သိထားတာ မှန်သမျှ အကုန်ပြောပြတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မေးတဲ့ဟာတွေဆိုရင် မလိုဘူးလို့ ထင်တယ်လေ။ မေးခွန်းတွေက ဒါပေမဲ့ ဖြေသင့်ဖြေထိုက်တာကိုပဲ ဖြေခဲ့ပါတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။

နောက်ထပ်ရုံးချိန်းမှာလည်း စွပ်စွဲခံရသူရှေ့နေမှ မှတ်တမ်းတချို့ကို ပြန်လည်ကြည့်ရှုရန် ခွင့်တောင်းခဲ့တဲ့အတွက် ရုံးချိန်းကိုပြန်လည်ချိန်းဆိုပေးခဲ့ပြီး တရားလိုဖြစ်သူ ခင်မြတ်နိုးကိုပဲ စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ပြန်ခေါ်စစ်မေးနေစဉ်မှာပဲ စွပ်စွဲခံရသူရဲ့ရှေ့နေက မှတ်တမ်းတချို့ကို ပြန်လည် ကြည့်ရှုဖို့ ခွင့်တောင်းတဲ့အတွက် ရုံးချိန်းကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ နောက်ရုံးချိန်းမှာတော့ တရားလို မခင်မြတ်နိုးကိုပဲ ပြန်ခေါ်စစ်မေးခြင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ အပြီးသတ် အကြိုညှိနှိုင်းခြင်းကို ပြုလုပ်မှ ာဖြစ်ပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ မတ်လ ၂၆ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။

You may also like these stories:

အောင်ရဲထွေးအမှု စွပ်စွဲခံရသူ ကျော်ဇောဟန် ပါဝင်မှု မရှိဟု တရားလိုပြ သက်သေ ထွက်ဆို

“ဥပေဒေကြောင်းအရ အရင်ဆုံး နစ်နာတာ မိန်းကလေးပါ”လို့ သင်းသင်း ပြော

Your Thoughts …
Tags: ကာမလိမ်လည်မှုခင်မြတ်နိုးမိုးအောင်ရင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.2k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

စွပ်စွဲခံထားရသူ ဦးဝရဉာဏ ခေါ် ဦးဝင်းနိုင်ကို ယနေ့ကန့်ဘလူမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

နတ်တလူက ဘုန်းကြီးကာမလိမ်လည်မှု စတင်စစ်ဆေး

by ဒီလှိုင်းဝင်း
19 February 2019
43.1k

ရာဇသတ်ပုဒ်မ ၃၆၆ အရ တရားလိုကလည်း အမှုဖွင့်ထားတာ ရှိတယ်၊ မိခင်ကလည်း ဖွင့်ထားတာရှိတယ်၊ အဲဒီအမှုတွေကိုတော့ လာမယ့်ရုံးချိန်း တွေမှာ စပြီးတော့ စစ်ဆေးသွားပါမယ်

သရုပ်ဆောင် မိုးအောင်ရင်  / Moe Aung Yin's Facebook

မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်

by ယုဖြူဟန်
27 November 2018
19.8k

“မိုးအောင်ရင်ကို အမိန့် မချဖြစ်လိုက်ဘူး။ အမိန့်မချဖြစ်တာကတော့ မိုးအောင်ရင် ထွက်မလာဘူး။ တရားခံ ၂ယောက်ပဲ ပါလာတယ်။ ၃ယောက်စုံမှ အမိန့်ချလို့ရမယ်။

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင် ဝေဠုကျော်  / ဧရာဝတီ

“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော

by ယုဖြူဟန်
5 September 2019
17k

“ကျနော်တို့က အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း အမှုနဲ့ ပတ်သက်ပြီးတော့ အမှုသည်ကို မထိခိုက်အောင် စကားကို ထိန်းပြောရတာမျိုး ရှိတယ်။

Next Post
Covid-19 ကို "တရုတ်ဗိုင်းရပ်စ်" ခေါ်လို့ ဝေဖန်ခံနေရတဲ့ သမ္မတ ထရမ့်

“Kung Flu လား၊ တရုတ်ဗိုင်းရပ်စ်လား”

ဒါဟာ အိန္ဒိယစစ်တပ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားတဲ့ ရောဂါကူးစက်မှုပါ။

အိန္ဒိယ စစ်တပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စစ်သားတဦး ပထမဆုံး တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate