အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်းဟာ “သီချင်းဒိုင်ယာရီ” တေးစီးရီးကို Music Video ရိုက်ကူးနေပြီး ရွှေသံစဉ် တေးဂီတ ပွဲမှာ ဖျော်ဖြေဖို့ရှိပေမယ့် COVID-19 ကြောင့် မေလဆန်းပိုင်းကို ရက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။
“လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ “သီချင်းဒိုင်ယာရီ” တေးစီးရီးကို Music Video ရိုက်နေပါတယ်။ ရွှေသံစဉ် ၃၈ နှစ်ပြည့်ပွဲမှာ ဆိုဖို့ ရှိတာ အခုတော့ ရောဂါတွေနဲ့ အားလုံးကောင်းဖို့အတွက် မေလဆန်းပိုင်းကို ရွှေ့ထားတယ်။ အခုလို ရောဂါတွေကြောင့် ပွဲလမ်းတွေ လူစည်ကားတဲ့ နေရာတွေ ပိတ်လိုက်တာဆိုတော့ အကုန်လုံး ဘေးဘယာတွေ ကင်းဝေးဖို့ လုပ်တယ်လို့ ယုံကြည်ပါတယ်”လို့ ဇွဲနိုင်ဝင်းက ပြောပါတယ်။
ဆက်လက်ပြီး ဇွဲနိုင်ဝင်းက လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ မတွေ့ရှိသေးတဲ့အပေါ်ကိုလည်း အခုလိုပဲ ဆိုပါတယ်။
“တခြားနိုင်ငံတွေမှာ ဖြစ်နေပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ မဖြစ်သေးတာကိုလည်း ကျနော်တို့နိုင်ငံက အရမ်းကံကောင်းကြတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့် ကံကောင်းနေတာကို ပိုပြီးကောင်းအောင် ရွှေ့လိုက်တယ်လို့ ထင်ပါတယ်။ အခုလို ရောဂါတွေ ဖြစ်နေတော့ ပရိသတ်တွေ လက်တွေ ဆေးကြပါ။ Mask အုပ်ကြပါ။ ကျနော်က သိပ်ပြီး ကိုယ့်ကိုယ်ကိုယ် Take Care မလုပ်ဘူး။ ပရိသတ်တွေကတော့ ဂရုစိုက်ကြပါ”လို့ ဇွဲနိုင်ဝင်းက ပြောပါတယ်။
ရောဂါနဲ့ ပတ်သက်တဲ့ ကောလာဟလသတင်းတွေကို မယုံကြဖို့လည်း ဇွဲနိုင်ဝင်းက အခုလိုပဲ ပြောပါတယ်။
“ကောလာဟလတွေလည်း မယုံကြပါနဲ့။ ကောလာဟလဖြန့်တဲ့ သူတွေကလည်း မဟုတ်တဲ့ သတင်းတွေ မဖြန့်ရင်ကောင်းမယ်။ ဘယ်လိုစိတ်ကူးနဲ့ ဖြန့်နေလည်း မပြောတတ်ဘူး။ သင်္ကြန်ကိုတော့ ကျနော့်လက် ကျနော့်ခြေနဲ့ စီစဉ်ဖို့ ရထားတာရှိတယ်။ ဘာတွေ ဖြစ်လာမလဲတော့ မသိသေးဘူး။ အနေအထားတခုနဲ့ သွားလို့ ရသလောက်တော့ သွားနေတယ်။ အားလုံး ကျန်းမာ၊ ချမ်းသာအောင် နေကြပါ” လို့ ဇွဲနိုင်ဝင်းက ပြောပါတယ်။
အနုပညာ အလုပ်တွေနဲ့ အချိန်တော်ကြာ ဝေးကွာခဲ့တဲ့ ဇွဲနိုင်ဝင်းကတော့ မကြာခင်မှာ အနုပညာ အသစ်တွေနဲ့ ပရိသတ်ရှေ့ကို ရောက်လာဦးမယ်လို့လည်း ဆိုပါတယ်။
“ကျနော်လုပ်ထားတဲ့ အနုပညာတွေလည်း ရှိပါတယ်။ ပရိသတ်ရှေ့ ရောက်လာပါလိမ့်မယ်။ ကျနော်အခု ပွဲတွေ ပျက်သွားတော့ Music Video တွေ ရိုက်နေမယ်။ တကယ်တမ်း ပြန်ကောင်းရင် ချပြလို့ရအောင်ပေါ့။ ကျနော်က အမြန်ဆုံးပြီးအောင် ချချင်ပေမယ့် ဘာတွေ ဖြစ်လာဦးမလဲ မပြောတတ်သေးဘူး”လို့ ဇွဲနိုင်ဝင်းက ပြောပါတယ်။
ဇွဲနိုင်ဝင်းကိုတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သရုပ်ဆောင် ဒွေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်း ပရိသတ်အားပေးမှု ရရှိလာခဲ့သူ တယောက် ဖြစ်ပါတယ်။
You may also like these stories:
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား