ကမ္ဘာတဝန်း ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် မင်းသား Hugh Jackman ဟာ သူ့ရဲ့ ကော်ဖီဆိုင်ကို ပိလိုက်ရတယ်လို့ သိရပါတယ်။
အသက် ၅၁ နှစ်အရွယ် မင်းသား Jackman ဟာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့၊ လူတဦးနဲ့တဦး ထိတွေ့ဆက်ဆံမှုတွေကို ရပ်တန့် စေလိုတာကြောင့် နယူးယောက်မြို့မှာရှိတဲ့ သူ့ရဲ့ Laughing Man ကော်ဖီဆိုင်ကို ယာယီပိတ်လိုက်တာလည်း ဖြစ်ပါတယ်။
မင်းသားက “Laughing Man ကော်ဖီဆိုင်ကို ယာယီပိတ်ဖို့ ကျနော်တို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေနဲ့ လူမှုအသိုက်အဝန်းတွေရဲ့ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် ဒါဟာ အကောင်းဆုံး လုပ်ဆောင်မှုဖြစ်တယ်လို့ ခံစားရပါတယ်။ နယူးယောက်ရဲ့ ကျယ်ပြန့်တဲ့ အသိုင်းအဝန်းအတွက် မှန်ကန်တဲ့ လုပ်ရပ်လို့ ခံစားရပါတယ်။ ကျန်းမာတဲ့တုံ့ပြန်မှုကို လုပ်ဆောင်တဲ့နေရာတခု ဖြစ်ချင်ပြီး ခင်ဗျားတို့ကို အန္တရာယ် မဖြစ်စေချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
“The Greatest Showman” မင်းသားဟာ သူ့ရဲ့ Follower တွေအနေနဲ့ တဦးနဲ့ တဦးကြည့်ရှုစောင့်ရှောက်ကြဖို့နဲ့ ကမ္ဘာတဝန်းအတွက်လည်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။
“အားလုံး ပျော်ရွှင်ကြပါစေ ဆိုတဲ့ ကျနော်တို့ ဆောင်ပုဒ်ရဲ့အနက်ရှိုင်းဆုံး နေရာသစ်တခုကို ရှာတွေ့ဖို့ အချိန်ရောက်ပါပြီ။ အခုလို အချိန်အတွင်းမှာ ခင်ဗျားတို့ရဲ့ အမှုတော်ကို ထမ်းဖို့ တခြားနည်းလမ်းတွေကိုလည်း ကျနော်တို့ ရှာကြည့်ပါ့မယ်”လို့ မင်းသားက ပြောဆိုထားပါတယ်။
“ကျနော်တို့ အကောင်းဆုံး တတ်နိုင်သလောက်တဦးနဲ့ တဦး စောင့်ရှောက်ကြပါစို့။ တကမ္ဘာလုံး ကျန်းမာ၊ ငြိမ်းချမ်း၊ စိတ်ရှည်သည်းခံပြီး ချစ်ခြင်း မေတ္တာ ရှိကြပါစေ”လို့ မင်းသားက ဆုတောင်းထားပါတယ်။
Ref: asiaone
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု ကာလမှာ ပြန်ကြည်လင်လာတဲ့ ဗင်းနစ်မြို့မှ ရေများ
“Kung Flu လား၊ တရုတ်ဗိုင်းရပ်စ်လား”
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရ