နာမည်ကျော် မော်ဒယ်ဖြစ်တဲ့ Kim Kardashian ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ တင်ထားတဲ့ ဓာတ်ပုံကြောင့် လူမှုကွန်ရက်မှာ လှုပ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တင်ထားတဲ့ ပို့စ်မှာ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “End of Days” စာအုပ်ရဲ့ စာမျက်နှာတခုကို ဓာတ်ပုံရိုက်ထားတာဖြစ်ပြီး အဲဒီစာအုပ်ကို အကြားအမြင်ဆရာမဖြစ်တဲ့ Sylvia Brown က ရေးသားထားတာ ဖြစ်ပါတယ်။
အဲဒီစာအုပ်မှာ အကြားအမြင်ဆရာမက “၂၀၂၀ ခုနှစ်လောက်ကို ရောက်တဲ့အချိန် ကမ္ဘာကြီးမှာ ကပ်ရောဂါတခု ဆိုက်ရောက်လိမ့်မယ်။ အဆုတ်ကို ထိခိုက်မယ့် ရောဂါတခုက ကမ္ဘာအနှံ့ကို ပျံ့နှံ့ပြီး လူပေါင်းများစွာ သေဆုံးရလိမ့်မယ်။ နောက်ပြီးရင်လည်း ရောဂါက စတင်ပေါ်ထွက်လာသလိုပဲ။ ဆယ်နှစ်လောက်ကြာရင် ကမ္ဘာပေါ်က ပြန်ပြီး ပျောက်သွားပါလိမ့်မယ်”လို့ ရေးသားထားပါတယ်။
အဲဒီစာပါတဲ့ ဓာတ်ပုံကို Kim က သူ့ရဲ့ လူမှုကွန်ရက်မှာ “ကျမတို့ မိသားစုရဲ့ စကားပြောတဲ့ Group ထဲကို Kourtney က ပို့ပေးခဲ့တဲ့ ဓာတ်ပုံကို ကြည့်ကြပါဦး”ဆိုပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။
Kim တင်ပြီးနောက် ပြန်လည်မျှဝေသူတွေ အများကြီးရှိခဲ့ပေမယ့် အဲဒီအကြားအမြင် ဆရာမဟာ မှားတဲ့ ခန့်မှန်းချက်တွေနဲ့ ယုံကြည်စရာ မရှိတဲ့ ခန့်မှန်းချက်တွေကို မကြာခဏ ပြုလုပ်လေ့ ရှိတယ်လို့ လူပြောများသူ ဖြစ်ပါတယ်။ အချို့ကတော့ အဲဒီအကြားအမြင်ဆရာမဟာ ၂၀၀၃ ခုနှစ်လောက်က ပျံ့နှံ့ခဲ့တဲ့ SARs ရောဂါကို အထူးပြုပြီးရေးထားကြောင်း ခန့်မှန်းထားကြပါတယ်။
စာအုပ်ထဲမှာ “နမိုးနီးယားလိုမျိုး အဆုတ်ရောင်ရောဂါ၊ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေမယ့် ရောဂါ”စတာတွေကို ရေးသားထားတာကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကိုက်ညီနေတာ ဖြစ်ပါတယ်။
အကြားအမြင်ဆရာမဖြစ်တဲ့ Sylvia Brown က စာအုပ်ပေါင်း ၄၀ ခန့် ရေးသားထားပြီး ရုပ်သံအစီအစဉ်တွေမှာလည်း မကြာခဏ သွားရောက် ပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။
Ref. www.bubblesmag.com
You may also like these stories:
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား