ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားကူးစက်မှုဟာ “Game of Thrones” သရုပ်ဆောင်တွေကိုလည်း လစ်ဟာပေးခဲ့ခြင်း မရှိဘဲ နာမည်ကျော်မင်းသမီး Indira Varma မှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ကြောင်း သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။
တီဗီစီးရီးမှာတော့ Oberyn Martell ရဲ့ ချစ်သူ Ellaria Sand အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး တီဗီစီးရီး ရိုက်ကူးခဲ့ဖူးသူတွေထဲမှာ COVID-19 တွေ့ရှိကြောင်း ကြေညာခဲ့တဲ့ ဒုတိယမြောက် သရုပ်ဆောင်လည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်တဲ့ ကမ္ဘာ့မှတ်တမ်းတွေအရ လူဦးရေ ၂၄၀,၀၀၀ ကျော်ဟာ ကူးစက်မှုခံထားကြားရပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေဟာ ၉,၉၀၀ ကျော်ရှိလာကြောင်း ဖော်ပြထားပါတယ်။ WHO အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါဘေးအဖြစ်ကြေညာပြီးနောက်ပိုင်းမှာ ကူးစက်ပျံ့နှံ့မှုဟာ ဥရောပတိုက်ကို ဗဟိုပြု ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ရုပ်ရှင်ဖန်တီးထုတ်လုပ်တဲ့ အဓိကနေရာတခုဖြစ်တဲ့ ဟောလိဝုဒ်မှာတော့ Production တွေ ခေတ္တပိတ်သိမ်းမှု ၊ ဆိုင်းငံ့ရုပ်ရှင်ပရောဂျက်တွေနဲ့အတူ ရုပ်ရှင်တချို့ရုံတင်ရက်ရွှေ့ဆိုင်းခြင်းစတာ ကြုံတွေ့နေရပါတယ်။
ရုပ်ရှင်နယ်ပယ်မှာတော့ Tom Hanks နဲ့ ဇနီးဖြစ်သူ ၊ Idris Elba ၊ Frozen 2 အသံသရုပ်ဆောင် Rachel Matthews ၊ “Game of Thrones” သရုပ်ဆောင် Kristopher Hivju နဲ့ အခု Indira Varma တို့ပါ ဗိုင်းရပ်စ်တွေ့ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သိလိုက်ရပြီးနောက်မှာတော့ Indira Varma ဟာ သူ့ရဲ့ Instagram အကောင့်မှာ သူ့အနေနဲ့ အိပ်ရာထဲမှာ ရှိနေကြောင်း၊ ကျန်းကျန်းမာမာ ရှိမနေကြောင်း၊ ကျန်းမာလုံခြုံစွာ ရှိဖို့နဲ့ တယောက်ကိုတယောက် ကြင်နာစောင့်ရှောက်ဖို့ လိုအပ်ကြောင်း တိုက်တွန်း မျှဝေခဲ့ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား