လတ်တလောမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေအပါအဝင် လူစုလူဝေးများတဲ့ နေရာတော်တော်များများကို ပိတ်ထားရတဲ့ အခြေအနေပါ။ ရုပ်ရှင်ရုံတွေ ပိတ်ထားရတဲ့ အခြေအနေ တခုဖြစ်နေတာကြောင့် နာမည်ကြီးရုပ်ရှင်တွေကိုလည်း ရုံတင်ရက် ရွှေ့ဆိုင်းထားရပြီး အဲဒီရုပ်ရှင်ဇာတ်ကားတွေ ကတော့ ဖော်ပြထားတဲ့ ရုပ်ရှင်ကားတွေပါ။
(၁) A Quiet Place Part 2
၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ A Quiet Place ရဲ့Sequel ဖြစ်တဲ့ A Quiet Place Part 2ဟာဆိုရင်တော့ ရုပ်ရှင်ပရိသတ်တွေ ကြည့်ရှုဖို့ စောင့်ဆိုင်းနေကြရတဲ့ ရုပ်ရှင်တကားပဲဖြစ်ပြီး မတ်လ ၂၀ ရက်နေ့ကို ရုံတင်ရက်အဖြစ် ကြေညာထားပေမယ့် လတ်တလော အခြေအနေတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတာပဲ ဖြစ်ပါတယ်။
(၂) Mulan
Disney ရဲ့ live-action ရုပ်ရှင် Mulan ဟာဆိုရင်တော့ ထွက်ရှိမယ့်ရက်နဲ့ ရုံတင်မယ့်ရက်ကို မတ်လ ၂၇ ရက်နေ့လို့ ထုတ်ပြန်ထားပေမယ့် အရေးပေါ်အခြေအနေတွေကြောင့် နောက်ဆုတ်ထားရပြီး ပြန်ထွက်မယ့်ရက်ကိုတော့ ကြေညာထားခြင်းမရှိသေးပါဘူး။
(၃) No Time to Die
ဂျိန်းစဘွန်းရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိမယ့် ဇာတ်ကားတကားဖြစ်တဲ့ No Time to Die ဟာဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်မယ့်ရက်ရော၊ ထွက်ရှိမယ့်ရော ရွှေ့ဆိုင်းနေရတဲ့ ရုပ်ရှင်ဖြစ်ပြီး အခုတခါမှာဆိုရင်လည်း ကိုရိုနာကြောင့် ရုံတင်မယ့်ရက်ကို မူလသတ်မှတ်ထားတဲ့ ဧပြီလ ၁၀ ရက်နေ့ကနေ ထပ်မံရွှေ့ဆိုင်းလိုက်ရပြန်ပြီပဲ ဖြစ်ပါတယ်။
(၄) Fast and Furious 9
အားလုံးပဲ စောင့်မျှော်နေကြတဲ့ Fast and Furious 9 ရုပ်ရှင်ဟာဆိုရင်တော့ ရုံတင်မယ့် မေလ ၂၂ ရက်နေ့ကို ဧပြီလ ၂ ရက်နေ့အဖြစ် ပြောင်းလဲ ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။
(၅) The New Mutants
The New Mutants ရုပ်ရှင်ဟာဆိုရင်တော့ ထွက်ရှိမယ့်ရက်ကို ဧပြီလ ၃ ရက်နေ့လို့ ကြေညာထားပေမယ့် အခုအချိန်မှာ ရွှေ့ဆိုင်းလိုက်ရပြီး ပြန်လည်ထွက်ရှိမယ့်ရက်ကိုတော့ မကြေညာရသေးပါဘူး။
Ref. www.businessinsider.com
You may also like these stories:
“Game of Thrones” မင်းသမီး Indira Varma မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ
အမေရိကန် မင်းသား Daniel Dae Kim ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
ကိုရိုနာကြောင့် ရပ်နားထားခဲ့တဲ့ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်