တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးရေးများ ခေတ္တ ရပ်နားထားကြရပြီး အဲဒီထဲမှာမှ “The Boys” တီဗွီစီးရီးလည်း ပါဝင်ခဲ့ပါတယ်။ Season 1 ကတည်းက ပရိသတ် အားပေးထောက်ခံမှုကို တခဲနက် ရရှိခဲ့တဲ့ The Boys ဟာ အခုအချိန်မှာတော့ Season 2 ကို ဆက်လက် ပြသဖို့ ကြန့်ကြာနေခဲ့တာပါ။
ထုတ်လုပ်မှုပိုင်းမှာ ကြန့်ကြာနေခဲ့တာဖြစ်ပေမယ့် နောက်ထပ် ထွက်ရှိလာမယ့် Season 2 ပုံရိပ်တွေကို စောင့်မျှော်နေဆဲဖြစ်တဲ့ ပရိသတ်တွေဆီ နာရီအနည်းငယ်ခန့်ကမှ ပြန်လည် မျှဝေခဲ့တာပါ။ Amazon Prime အနေနဲ့ ၂၀၂၀ခုနှစ်မှာ စတင်ပြသမယ်လို့ ရည်ရွယ်ထားပေမယ့် တကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ကပ်ရောဂါဘေးကြောင်း စီစဉ်ထားသမျှ အားလုံး ခဏတဖြုတ် ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
တီဗွီစီးရီးရဲ့ Executive Producer တဦးဖြစ်တဲ့ Eric Kripke ကတော့ လတ်တလော ရုပ်ရှင်ကုမ္ပဏီတွေကြုံတွေ့ နေရတဲ့ အခက်အခဲကို ဆွေးနွေးပြခဲ့ပြီး ထပ်မံ ပါဝင်လာမယ့် ဇာတ်ကောင်အသစ် Stormfornt အကြောင်းကိုလည်း ဖြည့်စွက် အသိပေးခဲ့ပါတယ်။
ဒါ့အပြင် ထွက်ရှိလာမယ့် Season အသစ်မှာ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Homelander နဲ့ Billy Butcher တို့ရဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာဖြစ်ပြီး တီဗွီစီးရီးကို ဘယ်လို ဖန်တီးထားခဲ့တယ်ဆိုတာကို ကြည့်ရှုသူ ပရိသတ်တွေအတွက် ရည်ရွယ်ခဲ့တာပါ။
အရင်ကပြသခဲ့ဖူးတဲ့ Season ထက် အခုထွက်ရှိလာမယ့် Season မှာ ပိုပြီးရှုပ်ထွေးတဲ့ ဇာတ်လမ်းရဲ့ လှည့်ကွက်တွေအပြင် ပြင်းထန်တဲ့ သွေးထွက်သံယိုအခန်းတွေ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Stormfront ရဲ့ စွမ်းရည်ကတော့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ Thor နဲ့ Shazam တို့ကို ပေါင်းစပ်ထားတာဖြစ်တယ်လို့ လွန်ခဲ့တဲ့လတွေကတည်းက အတည်ပြုခဲ့ပြီးလည်းဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ပထမ Season မှာ အပိုင်း ၈ ပိုင်း ပါဝင်မယ့် Netflix ရဲ့ Resident Evil တီဗီစီးရီး
Netflix မှာ လာမယ့် ၃ နှစ်အတွင်း ကိုရီးယားဒရာမာ ၄၀ ကျော် ပြသဖို့ရှိနေ