နာမည်ကျော် ကိုရီးယား ဇွန်ဘီစီးရီးဖြစ်တဲ့ “Kingdom” ရဲ့ဇာတ်ညွှန်းရေးဆရာမ ကင်အွန်းဟီက တတိယမြောက် Season နဲ့ပတ်သက်တဲ့ အရိပ်အမြွက် အချက်တချို့ကို ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့တုန်းက ဇာတ်ညွှန်းဆရာမ ကင်ဟာ စီးရီးရဲ့ ဒုတိယမြောက် Season အကြောင်း အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
“Kingdom” စီးရီးဟာ ဂျိုဆွန်းမင်းဆက်မှာ ဖြစ်ပွားခဲ့တဲ့ ဇွန်ဘီဖြစ်ရပ်တခုအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ နိုင်ငံအတွင်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ဇွန်ဘီတွေကို နှိမ်နှင်းရင်း မိသားစုရဲ့ ထီးနန်းကို ပြန်လည်သိမ်းပိုက်ရမယ့် အိမ်ရှေ့စံ လီချန်းအကြောင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ဒုတိယမြောက် Season ပြသတဲ့အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်နဲ့ အလားသဏ္ဍာန်တူ တဲ့ပုံစံတွေပါဝင်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဇာတ်ညွှန်းဆရာမက ကင်ကတော့ အခုစီးရီးအတွက် ၂၀၁၁ ခုနှစ်လောက်ကတည်းက ပြင်ဆင်နေခဲ့တာလို့လည်း ဆိုပါတယ်။
“Kingdom” စီးရီးရဲ့ Season 2 ဟာ IMDB ရုပ်ရှင်အချက်အလက် ဝက်ဘ်ဆိုက်မှာ Rating ၈ ဒဿမ ၃ ရှိခဲ့ပြီး အော်စကာဆုရရုပ်ရှင် ‘Parasite’ ထက် Rating ပိုမြင့်နေတာကို တွေ့ရပါတယ်။ ‘Parasite’ ရုပ်ရှင်ကတော့ Rating ၈ ဒဿမ ၆ ရှိခဲ့ပါတယ်။
ဇာတ်ညွှန်းဆရာမက ကင်ဟာ တတိယမြောက် Season ဖန်တီးဖို့ ဖြစ်နိုင်ချေကိုလည်း ပြောဆိုခဲ့ပါတယ်။ ပထမဆုံးနဲ့ ဒုတိယ Season တွေမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လီချန်း၊ ဆောဘီနဲ့ ယုံရှင်းတို့ဟာ ပလိပ်ရောဂါနဲ့ ရင်ဆိုင်ရတဲ့အကြောင်း ကိုဖော်ပြခဲ့ပါတယ်။ တတိယမြောက် Season မှာတော့ ပလိပ်ရောဂါရဲ့ မူရင်းဇာစ်မြစ်ကို ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ် တည်နိုင်တယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ တတိယမြောက် Season သာရိုက်ကူးဖို့ Netflix က သဘောတူမယ်ဆိုရင်တော့ ဒုတိယမြောက် Season အဆုံးသတ်မှာ ပါဝင်လာခဲ့တဲ့ မင်းသမီး Jun Ji Hyun ဟာ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။
ဇာတ်ညွှန်းဆရာမက ကင်ရဲ့ အဆိုအရ မင်းသမီး Jun ရဲ့ဇာတ်ရုပ်ဟာ လာမယ့် Season အသစ်မှာ မူရင်း ဇာတ်ကောင်တွေနဲ့အတူ ဇာတ်လမ်းရဲ့ အဓိကကျတဲ့အပိုင်းမှာ ပါဝင်လာမယ်လို့ ထင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်လမ်းအတွက်လည်း ကောင်းမွန်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောဆိုရင်း အင်တာဗျူးကို အဆုံးသတ်ခဲ့ပါတယ်။
Ref:kpopstarz
You may also like these stories:
မကြာခင် ထွက်ရှိလာတော့မယ့် “The Boys” တီဗီစီးရီး Season 2 မှ ပုံရိပ်များ ထွက်ပေါ်
ဇာတ်ကားအသစ် ပရိုမိုးရှင်းပွဲအတွက် မင်းသား Vin Diesel တရုတ်နိုင်ငံသို့ သွားမည်