မင်းသား Idris Elba ဟာ တခြား အနုပညာရှင်တဦးထံကနေ COVID-19 ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် မင်းသားဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့တုန်းက ဆေးစစ်ခဲ့ရာကနေ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှု၊ အပြင်းဖျားမှုနဲ့ ချောင်းခြောက်ဆိုးမှုတွေ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတယ်လို့ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီလို ရောဂါလက္ခဏာတွေကို မကြုံတွေ့ရဘဲ ဆေးစစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မတ်လ ၁၉ ရက်နေ့က သူ့ရဲ့ Instagram အကောင့်မှာ မင်းသားက “ဒီရောဂါပိုး Positive ရှိနေတဲ့လူ တယောက်ယောက်နဲ့ ထိတွေ့ဆက်ဆံခဲ့မိတာကြောင့်လို့ သိရပါတယ်။ ကျနော်က ရိုက်ကူးရေး လုပ်တော့မယ့် နေရာမှာ ရှိနေခဲ့ပါတယ်။ သတင်းထွက်လာတာက အားလုံးလည်း သိကြမယ်ထင်တဲ့ အဲ့ဒီ လူဆီမှာ Positive ရှိနေပြီ ဆိုတာပါပဲ”
“ ကျနော့်အလုပ်က ချက်ချင်း ဆေးစစ်ခိုင်းတယ်။ ကျနော့်ရဲ့ ရုပ်ရှင်အသစ် ရိုက်ကူးနေတဲ့ လူတော်တော်များများအပေါ် အန္တရာယ် မရှိစေချင်တာကြောင့် ကျနော် စစ်ဆေးခဲ့ပါတယ်။ ကျနော်တို့ဟာ လျင်လျင်မြန်မြန် စစ်ဆေးနိုင်ခဲ့လို့ တကယ့်ကိုပဲ ကံကောင်းသွားခဲ့တာပါ။ ကျနော် တယောက်တည်း သီးခြားခွဲနေလိုက်ပြီး အခုအထိ အဲ့ဒီမှာပဲ ရှိနေပါတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲ့ဒီပိုး ရှိနေတဲ့ အနုပညာရှင်ဘယ်သူလဲဆိုတာကိုတော့ မင်းသား Idris က ပြောဆိုခဲ့တာမျိုး မရှိခဲ့ပေမယ့် အခုလအစောပိုင်းကတည်းက အဲ့ဒီရောဂါကို ရရှိခဲ့တာဖြစ်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
“ကျနော်တို့ အဲ့ဒါကို ချဉ်းကပ်ဖို့ နည်းလမ်းကတော့ စောစီးစွာ စစ်ဆေးဖို့ပါပဲ။ ဘယ်အချိန်တုန်းက အဲ့ဒီရောဂါကို ရရှိခဲ့သလဲဆိုတာ ပြောဖို့ ခက်ပေမယ့် မတ်လ ၄ ရက်နေ့မှာ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်” လို့ မင်းသားက ဆိုပါတယ်။
မင်းသား Idris က “ တခြားရောဂါလက္ခဏာတွေတော့ မပြခဲ့ပါဘူး။ ဒါပေမဲ့ စမ်းသပ်စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချခဲ့တာကို ကျနော်အရမ်းပဲ ဝမ်းမြောက်မိပါတယ်။ အဲ့ဒီအချိန်ကစလို့ လူတိုင်းနဲ့ ကျနော် အဆက်အသွယ် ဖြတ်ခဲ့တာပါ”လို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့လည်း တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ သတင်းတုတွေကို ဖြန့်ပြီး စိုးရိမ်ထိတ်လန့်အောင် မလုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
“Game of Thrones” မင်းသမီး Indira Varma မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ အကျဉ်းသားများကို လွှတ်ပေး
“အခြေခံလူတန်းစားတွေ ဘာမှမဖြစ်စေနဲ့”လို့ ဆုတောင်းပေးတဲ့ အဆိုတော် ယုန်လေး