ကိုရီးယားလူမျိုး မဟုတ်တဲ့ ပရိသတ်တွေအတွက် ကိုရီးယားဘာသာစကား သင်ကြားရေး ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဗီဒီယိုအတိုလေးတွေကို K-pop အမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့ အေဂျင်စီက လွှင့်တင်ပေးသွားမယ်လို့ အေဂျင်စီက မတ်လ ၂၃ ရက်နေ့မှာပဲ ပြောဆိုလိုက်ပါတယ်။
Big Hit အင်တာတိန်းမန့်ရဲ့အဆိုအရ “Learn Korean with BTS” ဆိုတဲ့ ဗီဒီယိုစီးရီးရဲ့ ပထမဆုံး ၃ ပိုင်းကို BTS ပရိသတ် အသိုင်းအဝိုင်းရဲ့ မိုဘိုင်း App ဖြစ်တဲ့ Weverse မှာ လာမယ့် မတ်လ ၂၄ ရက် နေ့လယ်ပိုင်းမှာ လွှင့်တင်ပေးသွားမယ်လို့ သိရပါတယ်။
ပထမဆုံး ၃ ပိုင်းကို ဖြန့်ချိပြီးရင်တော့ အပတ်စဉ် တနင်္လာနေ့တိုင်းမှာ အပိုင်းသစ် ၁ ခုစီကို Weverse မှာ တင်ပေးသွားမှာဖြစ်ပြီး စုစုပေါင်း ဗီဒီယိုအတို အခု ၃၀ ကို အခမဲ့ ဝေငှပေးသွားမယ်လို့လည်း ဆိုပါတယ်။
အပိုင်း ၁ ခုချင်းစီဟာ ၃ မိနစ်ပါဝင်မှာဖြစ်ပြီး ကိုရီးယားသဒ္ဒါ၊ အသုံးအနှုန်း၊ ယဉ်ကျေးမှုတို့နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကိုသင်ကြားပေးဖို့ “Run BTS!” နဲ့ “Bangtan Bomb” တို့လို့ BTS အဖွဲ့ရဲ့ လက်ရှိ အစီအစဉ်တွေထဲက ဇာတ်ဝင်ခန်းတွေကိုလည်း တဖန် ပြန်လည် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
ကိုရီးယားဘာသာစကားကို ပရိသတ်တွေ အလွယ်တကူ လေ့လာနိုင်အောင် BTS အဖွဲ့ဝင်တွေ မကြာခဏ အသုံးပြုလေ့ ရှိတဲ့ စကားစုတွေဟာလည်း အဲ့ဒီဗီဒီယိုထဲမှာ ပါဝင်မှာဖြစ်ပါတယ်။
“Learn Korean with BTS စီးရီးဟာ ကမ္ဘာတဝန်းက ပရိသတ်တွေအနေနဲ့ BTS ရဲ့ သီချင်းတွေနဲ့ အချက်လက်တွေကို ကြိုက်နှစ်သက်ပြီး ဘာသာစကား ခြားနားချက်ကို ကျော်လွှားနိုင်ဖို့နဲ့ ကိုရီးယားဘာသာစကားကို ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ လေ့လာနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” လို့ Big Hit အင်တာတိန်းမန့်က ဆိုပါတယ်။
ရှေ့ဆက်ပြီးတော့လည်း အေဂျင်စီဟာ BTS အဖွဲ့သာမက သူတို့ ကုမ္ပဏီလက်အောက်မှာ ရှိတဲ့ တခြားအနုပညာရှင်တွေ ပါဝင်မယ့် ကိုရီးယားဘာသာစကား သင်ကြားရေး အချက်အလက် မျိုးစုံကို ချပြပေးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
ကမ္ဘာတဝန်းမှာ K-pop နဲ့ တခြားကိုရီးယားယဉ်ကျေးမှု အချက်အလက်တွေ နာမည်ကျော်ကြားလာမှုကြောင့် ကိုရီးယားဘာသာစကား သင်ကြာရေးအတွက် တောင်းဆိုမှုတွေ ရှိလာခဲ့ပြီး K-pop အချက်အလက်တွေကို ကမ္ဘာတဝန်းက ပရိသတ်တွေ ရရှိနိုင်ဖို့ ကိုရီးယားပညာရေးဆိုင်ရာ အချက်အလက်ကို Big Hit က မျှဝေပေးလိုက်တာလို့လည်း ဆိုပါတယ်။
Ref:Yonhap
MAMA 2018 ဆုပေးပွဲမှာ “Worldwide Icon of the Year” ဆုကို ရရှိခဲ့တဲ့ BTS အဖွဲ့
လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်
ဂရမ်မီဆုပေးပွဲကို ပထမဆုံးတက်ရောက်ခွင့်ရတဲ့ ကိုရီးယားအနုပညာရှင် BTS အဖွဲ့