အဆိုတော် Britney Spears ကတော့ အခုကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအတွင်းမှာ ပရိသတ်တွေကို ထောက်ပံ့ ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။
အသက် ၃၈ နှစ်အရွယ် အဆိုတော် Britney Spears ဟာ အခုလက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါကာလအတွင်းမှာ ပရိသတ် ၃ ဦးကို ရွေးချယ်ပြီး သူတု့ိအတွက် အလိုအပ်ဆုံး ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူပေးသွားမယ်လို့ Instagram မှာ ကြေညာခဲ့ပါတယ်။
သူ့ရဲ့ ဗီဒီယိုသတင်းစကားထဲမှာ Britney က “ကျမတို့ရဲ့ ကမ္ဘာကြီးဟာ အခုအချိန်မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကို ဖြတ်သန်းနေရပါတယ်။ အစားအစာပဲဖြစ်ဖြစ်၊ ကလေးသေးခံပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျမဆီကို တိုက်ရိုက် မက်ဆေ့ချ်ပို့ပါ။ ကျမ ရှင်တို့ကို ကူညီပေးပါ့မယ်” လို့ ပြောဆိုထားပါတယ်။
အခုလို အကျပ်အတည်း ကာလအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ #DoYourPartChallenge လှုပ်ရှားမှုအတွက် အဆိုပြုခံခဲ့ရပြီးတဲ့နောက် အဲ့ဒီဗီဒီယိုကို ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီ လှုပ်ရှားမှုမှာ Will Smith, Kate Hudson ၊ သူ့ချစ်သူ Sam Asghari တို့နဲ့အတူ အဆိုပြုခံခဲ့ရတဲ့ အဆိုတော် Britney က သူ့ရဲ့ Instagram အကောင့်မှာ အခုလိုပဲ ဆိုထားပါတယ်။
“ကျမရဲ့ အမက #DoYourPartChallenge မှာ ပါဝင်ဖို့ ကျမကို အဆိုပြုတယ်။ ဒါကြောင့် ဒီလိုခက်ခဲတဲ့ အချိန်အတွင်းမှာ ကူညီဖို့ ကျမ ပရိသတ် ၃ ဦးကို ရွေးပါမယ်။ တိုက်ရိုက် မက်ဆေ့ချ်ပို့ပါ။ ကျမဘယ်လိုကူညီနိုင်မလဲဆိုတာ သိပါရစေ။ ပြီးတော့ ကျမ လုပ်နိုင်တာကို ကျမလုပ်ပါ့မယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ Instagram ပို့စ်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီအချိန်မှာပဲ အဆိုတော် Rihanna ရဲ့ Clara Lionel ဖောင်ဒေးရှင်းကလည်း အခုကြုံနေရတဲ့ ကပ်ရောဂါကို တိုက်ဖျက်ရာမှာ ကူညီဖို့ ဒေါ်လာ ၅ သန်း ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Justine Lucas က “ဒီကပ်ရောဂါကြောင့် အခက်အခဲဆုံး ရင်ဆိုင်ရမယ့် ဝင်ငွေနည်း အသိုက်အဝန်းတွေအတွက် ပြင်ဆင်ပြီး ကာကွယ်ဖို့ အရေးပေါ်နဲ့ အရေးကြီးတာမျိုး မရှိခဲ့ဖူးပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီအလှူငွေတွေကို ထိခိုက်လွယ်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကျွေးမွေးနေတဲ့ အစားအသောက် စင်တာတွေအတွက် ထောက်ပံ့ပေးတာ၊ ဟေတီနဲ့ မာလာဝီတို့လို နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုနဲ့ စောင့်ရှောက်မှုတွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေ့းတာတွေ လုပ်ဆောင်ဖို့ အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီရန်ပုံငွေတွေကိုလည်း အထူးကြပ်မတ် ကုသဆောင်တွေအတွက် လက်အိတ်နဲ့ မျက်နှာစည်းတွေလိုမျိုး အကာအကွယ်ပေး ပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Ref: Asiaone
You may also like these stories:
တခြား အနုပညာရှင်တဦးကနေ COVID-19 ကူးစက်ခဲ့တာလို့ မင်းသား Idris Elba ပြော
ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်များ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ရတဲ့ ရုပ်ရှင်များ