Entertainment

"Grey's Anatomy" ဒရာမာထဲက ဆေးပစ္စည်းတွေကို အရေးပေါ်လုပ်သားများထံ လှူဒါန်း

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဆေးပညာဆိုင်ရာ ရုပ်သံစီးရီးဖြစ်တဲ့ “Grey’s Anatomy” ဟာ ကိုရိုနာ ကပ်ရောဂါကို ကိုင်တွယ်နေကြတဲ့ အရေးပေါ်အဖွဲ့ လုပ်သားတွေထံ မျက်နှာစည်း၊ ခွဲစိတ်ခန်းသုံး ဝတ်ရုံတွေ အပါအဝင် ပစ္စည်းကိရိယာတွေကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

ပစ္စည်းအရင်းအမြစ် လိုအပ်ချက်ဖြစ်ပေါ်စေတဲ့အထိ ခြိမ်းခြောက်မှုတွေ ဖြစ်လာစေတဲ့ ရောဂါ လျင်လျင်မြန်မြန် ပျံ့နှံ့လာချိန်မှာ အခုလိုမျိုး ဆေးပညာဆိုင်ရာ ပစ္စည်းတွေအကုန်လုံးကို လှူဒါန်းလိုက်တာလည်း ဖြစ်ပါတယ်။

ABC ရုပ်သံလိုင်းကနေပြသနေတဲ့ “Grey’s Anatomy” စီးရီးက ခွဲစိတ်ခန်းသုံး ဝတ်ရုံတွေနဲ့ လက်အိတ်တွေကို လှူဒါန်းလိုက်ပြီဖြစ်တဲ့အကြောင်း အမှုဆောင် ထုတ်လုပ်ရေးမှူး Krista Vernoff က ပြောကြားခဲ့ပါတယ်။

အဲ့ဒီရုပ်သံလိုင်းကနေပဲ ထုတ်လွှင့်နေတဲ့ မီးသတ်ဒရာမာ “Station 19” ဟာလည်း မီးသတ်ဌာနတွေမှာ ပြန်လည် အသုံးပြုနိုင်တဲ့ မျက်နှာစည်းတွေ ကုန်သွားပြီဖြစ်ကြောင်း သိရှိခဲ့ရပြီးတဲ့နောက် ကနေဒါမှာရှိတဲ့ Ontario မီးသတ်ဌာနကို မျက်နှာစည်း ၃၀၀ လောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ထုတ်လုပ်ရေးမှူး Vernoff က “သူတို့က အထူးတလည် ကျေးဇူးတင်နေကြပါတယ်” လို့ ဆိုပါတယ်။ ဗန်ကူးဗားမြို့မှာ ရိုက်ကူးနေတဲ့ နောက်ထပ် ဆေးပညာဆိုင်ရာ ဒရာမာ The Good Doctor ဟာလည်း မျက်နှာစည်း၊ ဝတ်ရုံ၊ တခါသုံး ဖိနပ်နဲ့ အထူးကြပ်မတ်ခန်းဝတ်စုံတွေကို လှူဒါန်းခဲ့ပါတယ်။

အတ္တလန်တာမြို့ အခြေစိုက် အဆစ်ရောဂါဆိုင်ရာ ဆရာဝန် Karen Law က Grady Memorial ဆေးရုံအပြင်ဘက်မှာရှိတဲ့ ဆေးပစ္စည်းအထောက်အပံ့တွေရဲ့ ဓာတ်ပုံတပုံတကို Instagram မှာ တင်ခဲ့ပြီး အခုလိုလှူဒါန်းမှုအတွက် Fox ရုပ်သံရဲ့ “The Resident” စီးရီးကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

သူက “မနေ့တုန်းက ထောက်ပံ့ရေးပစ္စည်းတွေ နည်းနေပြီဆိုတာကို The Resident အဖွဲ့သားတွေနဲ့ တော်တော်လေး ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီနောက် မျက်နှာစည်းတွေက အံ့သြဖွယ်ရာပဲ ရောက်ရှိခဲ့ပါတယ်။ DID မျက်နှာစည်းတွေလည်း ရောက်ရှိလာပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်

မြန်မာ့ စိန်တလုံးသရက် ဂျပန် ဝယ်မည်

စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading