Entertainment

Quarantine ကာလအတွင်း ခွေးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Chris Evan ပြန်မျှဝေ

ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးရေးတွေအားလုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခေတ္တခဏ ရပ်ဆိုင်းထားရချိန်မှာ နာမည်ကျော် မင်းသား၊ မင်းသမီးနဲ့ ရုပ်ရှင်နယ်ပယ်မှ တခြားသူတွေလည်း အိမ်မှာနားနေရင်း သူတို့ရဲ့ အိမ်တွင်းလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေဆီ ပြန်လည် မျှဝေပေးနေကြပါတယ်။

အဲဒီထဲကမှ Captain America သရုပ်ဆောင် Chris Evan ဟာလည်း သူ့ ခွေးလေးနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ပရိသတ်တွေဆီ လွန်ခဲ့တဲ့နာရီ အနည်းငယ်ကမှ ပြန်လည် မျှဝေပေးခဲ့တာဖြစ်ပြီး Marvel ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။

အခုလိုအချိန်မျိုးမှာ အိမ်မှာ နေနေရပေမယ့် ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ် သီးသန့်နေထိုင်တာမျိုး မဟုတ်ဘဲ တယောက်ကို တယောက် တတ်နိုင်သမျှ ဖေးမ စောင့်ရှောက်ကြရမယ့် ကာလတခုလည်း ဖြစ်ပါတယ်။ Chris Evan အနေနဲ့ သူ့ရဲ့ Twitter အကောင့်မှာ ပြန်လည်မျှဝေခဲ့တဲ့ ဓာတ်ပုံတွေအပေါ် ပရိသတ်တွေဘက်က တုန့်ပြန်ပုံကတော့ “Cap’s Best Friend” ဆိုတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ Chris ဟာ သူ့ရဲ့ ပထမဆုံး မွေးဖွားလာတဲ့ ကလေးငယ်ကို ဂုဏ်ယူစွာ ပွေ့ချီထားပုံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့ အခန်းထဲမှာတော့ သူနဲ့ သူမွေးထားတဲ့ ခွေးလေးနဲ့ အကြင်နာတွေ ပြည့်နှက်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံအောက်မှာတော့ Chris နဲ့ သူ့ခွေးလေးတို့ကို ပရိသတ်တွေရဲ့ တုန့်ပြန်ပုံဟာ နှစ်သက်စရာကောင်းနေပြီး တွေ့မြင်ရသူတိုင်းလည်း ပေါ့ပေါ့ပါးပါး ပြုံးရယ်စရာပဲ ဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ မိမိတို့ ချစ်ခင်ရသူတွေနဲ့ အတူတကွ ရှိမနေနိုင်ရင်တောင် စိုးရိမ်ပူပန်နေခြင်း မရှိဘဲ အချင်းချင်း ဖေးမစောင့်ရှောက်ရင်း ဖြတ်သန်းနေထိုင်နေကြတဲ့ ကြည်နူးစရာ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့မြင်နိုင်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

တိုကျိုအိုလံပစ်ကို ၂၀၂၁ နွေရာသီအထိ ရွှေ့ဆိုင်း

မတ်လ ၂၆ ရက်နေ့မှ စပြီး ထိုင်းတွင် အရေးပေါ်အခြေအနေ သတ်မှတ်မည်

 

Loading