Entertainment

စူပါမားကတ်တွေမှာ ကြက်ဥ မရှိလို့ ကြက်မွေးလိုက်တဲ့ မင်းသား Tom Holland

COVID-19 ကြောင့် စူပါမားကတ်ဈေးဆိုင်တွေမှာ ကြက်ဥ မရှိတဲ့အတွက် မင်းသား Tom Holland ဟာ ကြက်တွေကို ဝယ်မွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့တုန်းက Instagram Story မှာ ပင့်ကူလူသားမင်းသား Tom က အခုလိုမျိုး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေအတွင်းမှာ စူပါမားကတ်တွေမှာ ပစ္စည်းတွေပြတ်လပ်နေပြီး ကြက်ဥတွေ ကုန်နေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် အသက် ၂၃ နှစ်အရွယ် မင်းသား Tom က ကြက်ဥ ရရှိနိုင်ဖို့အရေး ကြက်မွေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုထဲ လက်ထဲမှာ ကြက်တကောင်ကို ပိုက်ထားတဲ့ မင်းသား Tom က “ဘာတွေ ဖြစ်နေသလဲ ဆိုရင် စူပါ မားကတ်တွေမှာ ဘာမှ မရှိတော့ပါဘူး။ ကြက်ဥတွေ မရှိတော့ ကျနော်လည်း ကြက်ဥ မရလိုက်ဘူး။ ဒါကြောင့် အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ စဉ်းစားခဲ့တယ်။ ကျနော်တို့က ကြက်ဥ အရင်းအမြစ်ဖြစ်လို့ ရတာပဲလေ။ အခုတော့ ကျနော်တို့က ကြက်ပိုင်ရှင် ဖြစ်လာခဲ့ပြီ”လို့ ပြောဆိုခဲ့ပါတယ်။

အွန်လိုင်းပေါ်က ပရိသတ်တွေကတော့ အခုလိုမျိုးမင်းသားရဲ့ လုပ်ရပ်အပေါ် ဟာသသဘော ပြောဆိုတာတွေ ရှိခဲ့ပြီး ကြက်တွေရဲ့ နာမည်တွေကို “Predator, Ranger နဲ့ Chestnut” လို့ ပေးခဲ့ကြပါတယ်။

သူ့ရဲ့ ကြက်မတွေ နဲ့ ရိုက်ထားတဲ့ ဗီဒီယိုကို မတင်ခင်မှာ မင်းသားက တခြားအနုပညာရှင်တွေလိုပဲ သူဟာ အိမ်မှာ သီးခြားခွဲနေလိုက်ပြီဖြစ်တယ်လို့ Instagram မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နေမကောင်းဖြစ်ခဲ့ပေမယ့် COVID-19 ကူးစက်ခံရတယ်လို့ မထင်မိတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဗြိတိသျှမင်းသား Tom က သူဟာ တရက်မှာ နေကောင်းခဲ့ပေမယ့် နောက်တနေ့ အိပ်ရာက နိုးတဲ့အခါ ကိုယ်လက် မအီမသာဖြစ်တာကို ခံစားခဲ့ရလို့ နေမကောင်းဖြစ်မှန်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သူက “တော်တော်လေး နေမကောင်းဖြစ်တဲ့ ခံစားချက်ကြီးနဲ့ နိုးလာခဲ့တယ်။ ဒါပေမဲ့ ကျနော် ဘာလုပ်ရမှန်း မသိလို့ အခုအချိန်အတွင်း ကျနော့်ရဲ့ Instagram မှာ နည်းနည်းလေး တင်ပြဖို့ ကြိုးစားလိုက်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Ref: Asiaone

You may also like these stories:

အက်ရှင်ကားတွေမှာ သရုပ်ဆောင်ဖို့ Tom Cruise ဟာ အသက်ကြီးနေပြီလို့ ‘Jack Reacher’ စာရေးသူဆို

Instagram မှာ ကြက်ဥ တလုံးပုံ တင်ထားတဲ့အကောင့် Like အများဆုံး ရရှိ

Loading