“Wonder Woman 1984” ရုပ်ရှင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားရချိန်မှာပဲ ရွှေ့ဆိုင်းလိုက်တဲ့ နောက်ဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။ ဇွန်လ ၅ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှသာ ရုံတင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Lin-Manuel Miranda ရဲ့တေးသံစုံပြဇာတ်ကို အခြေခံထားတဲ့ “In The Heights” ရုပ်ရှင်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါရိုက်တာ Christopher Nolan ရဲ့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “Tenet” ရုပ်ရှင်ကိုတော့ စီစဉ်ထားတဲ့အတိုင်းပဲ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြသဖို့ ရှိပါတယ်။
Warner Bros. Pictures ရဲ့ ဥက္ကဋ္ဌ Toby Emmerich က “Wonder Woman 1984 ကို ကျနော်တို့ မီးစိမ်းပြလိုက်တဲ့ အချိန်ကတည်းက ရုံတင်ပြသဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။ အဲ့ဒီရုပ်ရှင်ကို Warner Bros. Pictures က သြဂုတ်လ ၁၄ ရက်နေ့မှာ ရုံတင်မှာဖြစ်တယ်လို့ စိတ်လှုပ်ရှားစွာ ကြေညာလိုက်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
Wonder Woman ရုပ်ရှင်နည်းတူ ပြသရက် ရွှေ့ဆိုင်းလိုက်တဲ့ ရုပ်ရှင်တွေထဲမှာ Disney ရဲ့ “Mulan” ၊ Marvel ရဲ့ “Black Widow” နဲ့ Universal ရဲ့ “F9” ရုပ်ရှင်တွေလည်း ပါဝင်ပါတယ်။ DreamWorks ရဲ့ “Trolls World Tour” ရုပ်ရှင်ကိုတော့ Amazon နဲ့ iTunes တို့လိုမျိုး ဒစ်ဂျစ်တယ် လက်ကားဌာနတွေကနေ ဖြန့်ချိဖို့လည်း ရှိနေပါတယ်။
ကိုရိုနာကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်နိုင်ဖို့ မသေချာသေးတဲ့ အခြေအနေမှာပဲ စတူဒီယို တော်တော်များများဟာ ရုံတင်တာထက် ဒစ်ဂျစ်တယ်အနေနဲ့ အရင်ဖြန့်ချိဖို့ ပြုလုပ်လာတာတွေ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်က ပြသခဲ့တဲ့ Wonder Woman ရုပ်ရှင်ဟာ အဲ့ဒီနှစ်ရဲ့ တတိယမြောက် ဝင်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပြီး အခုနောက်ဆက်တွဲ ရုပ်ရှင်ဟာလည်း ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံရရှိလိမ့်မယ်လို့ ယူဆရပါတယ်။
Warner Bros. ရဲ့ အမှုဆောင်အရာရှိတွေက အဲ့ဒီရုပ်ရှင်အသစ်ကို HBO Max မှာ ပြသဖို့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။ Warner Bros. က ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ “Joker” ရုပ်ရှင်ဟာ ဝင်ငွေ ၁ ဘီလီယံ ကျော်လွန်ခဲ့သလို တခြား DC ရုပ်ရှင်အများစုဟာ ဝင်ငွေ သန်း ၆၀၀ ကျော် ရရှိခဲ့ကြပါတယ်။
Ref: theverge
You may also like these stories:
အိမ်ထဲမှာနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ တိုက်တွန်းခဲ့တဲ့ ဝတ်မှုံရွှေရည်
ချင်းပြည်နယ်ကို ကိုယ့်သဘောဆန္ဒနဲ့ သွားရောက် တာဝန်ထမ်းဆောင်မယ့် မြန်မာဆရာဝန်များ
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ