“Terminator” ရုပ်ရှင်နဲ့ ကယ်လီဖိုးနီးယားဒေသရဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ Arnold Schwarzengger ဟာ “Frontline Responders Fund” လို့ခေါ်တဲ့ GoFundMe Campaign အတွက် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။
Frontline Responders Fund ကိုတော့ ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ ရည်ရွယ် တည်ထောင်ထားတာဖြစ်ပြီး ကာကွယ်ရေးဝတ်စုံတွေ၊ နှာခေါင်းစည်း (Mask) တွေ၊ အပူချိန်တိုင်းကိရိယာတွေနဲ့ လက်အိတ်တွေ ထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို နှေးနိုင်သမျှ နှေးအောင် ထိန်းချုပ်ဖို့ ကြိုးစားနေကြရတာဟာ ဆေးဘက်ဆိုင်ရာ နယ်ပယ်အတွက်တော့ စစ်ပွဲတခုကို တိုက်နေရတာဖြစ်တဲ့အတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းတွေကို အမြဲမပြတ် လိုအပ်နေတာပါ။
GoFundMe Campaign အတွက် ဒေါ်လာ ၁၀ သန်းအထိ ရန်ပုံငွေ မတည်ဖို့ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီမှာတော့ ၃ ဒဿမ ၅သန်းအထိ အလှူငွေ ရရှိခဲ့ပြီလို့ သိရပါတယ်။
အခုအချိန်မှာတော့ မင်းသားကြီး Arnold Schwarzengger နဲ့ ကွန်ပျူတာသိပ္ပံပညာရှင်တဦးဖြစ်တဲ့ Paul Graham တို့သာ ဒေါ်လာ ၁ သန်းစီ လှူဒါန်းထားကြတာဖြစ်ပြီး နောက်ထပ် လှူဒါန်းသူတွေကတော့ မင်းသမီး Gwyneth Paltrow ၊ Twitter CEO Jack Dorsey ၊ Oculus VR Inc. ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO Brendan Iribe တို့ပဲ ဖြစ်ပါတယ်။
“ဘေးကထိုင်ပြီး အမြဲအဆိုးမြင် စောဒက တက်နေရတာကို ကျနော် ဘယ်တော့မှ မယုံကြည်ခဲ့ဖူးပါဘူး။ ကျနော့်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ခွဲယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရတာကိုသာ ယုံကြည်ခဲ့တာပါ”
“ဒါဟာ ထိတွေ့ဆက်ဆံနေကြရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းတခုဖြစ်ပြီး အခုလို တတ်နိုင်တာကူညီရတာ ဝမ်းသာဂုဏ်ယူစရာပါ”လို့ Arnold Schwarzenegger က သူ့ရဲ့ Twitter အကောင့်မှာ ပြန်လည် မျှဝေခဲ့ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်
COVID-19 ကာလမှာ အပြင်မသွားကြဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်ဆောင် ဇဏ်ခီ
COVID-19 ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ဝေမျှပေးခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ