ယနေ့မှာ မိုးအောင်ရင်ရဲ့ရှေ့နေဘက်မှ ပြန်ခေါ်သက်သေ စစ်ဆေးရန် ချိန်းဆိုခဲ့တဲ့ ရုံးချိန်းမှာတော့ မိုးအောင်ရင်မှ နေမကောင်းသဖြင့် ခွင့်တိုင်ခဲ့တာကြောင့် မစစ်ဆေးခဲ့ဘူးလို့ သိရပါတယ်။
“တဖက်ကလူ မလာလို့ပေါ့။ သူနေမကောင်းဘူးဆိုပြီး ခွင့်တိုင်တယ်။ အဲဒါကြောင့် မစစ်ဖြစ်တာပါ။ တရားရုံး ၁ လ နားရတယ်။ နိုင်ငံတော်က နားခိုင်းတာဆိုတော့ ဧပြီ ၂၇ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်” လို့ တရားလိုဖြစ်သူ မခင်မြတ်နိုးက ပြောပါတယ်။
ဒီကနေ့မှာ မစစ်ဆေးဖြစ်ခဲ့တာတွေကိုတော့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် တရားရုံးများ ပိတ်ပြီး ၁ လအကြာမှာ ပြန်လည် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
“သူကတော့ သူ့အခြေအနေနဲ့ သူ ရှိမှာပေါ့။ ကျမတို့ကတော့ မြန်မြန်စစ်ရရင်တော့ ကျေနပ်တာပေါ့။ အချိန် ခြားသွားတော့ သွေးတော့ မအေးသွားပါဘူး။ သူ မလာတော့ မစစ်ရဘူး။ မတတ်နိုင်ဘူးပေါ့။ ကျမဘက်က အကုန်ပြီးသွားပြီဆိုတော့ ပြင်ဆင်စရာတော့ မရှိတော့ပါဘူး”လို့ မခင်မြတ်နိုးက ပြောပါတယ်။
အမှုကိုတော့ အချိန်ခြားသွားပေမယ့် သွေးအေးသွားမှာ မဟုတ်ဘဲ မြန်မြန်စစ်ရရင်တော့ ကျေနပ်တယ်လို့ မခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင်ကိုတော့ တရားလို မခင်မြတ်နိုးဘက်မှ စွဲဆိုထားတဲ့ အမှုအတွက် ပြီးခဲ့တဲ့ တပတ်ရုံးချိန်းဖြစ်တဲ့ မတ်လ ၁၉ ရက်နေ့က တရားရုံးမှ စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး ယခုတပတ် ရုံးချိန်းမှာတော့ စွပ်စွဲခံရသူဘက်မှ တရားလိုအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန်အတွက် ယခုရုံးချိန်းကို ချိန်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဧပြီလ ၂၇ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။
You may also like these stories:
“ရုံးချိန်း ပျက်မယ်၊ မပျက်ဘူးဆိုတာ ပုံသေပြောလို့ မရဘူး”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော
သင်္ဃန်းကျွန်းတရားရုံးမှာ စွပ်စွဲခံထားရတဲ့ အမှုအတွက် မေသန်းနုအား ယနေ့ ရုံးထုတ်