ကမ္ဘာတဝှမ်းမှာ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် နိုင်ငံတော်တော်များများမှာ အသွားအလာတွေ ကန့်သတ် ပိတ်ပင်ထားပြီး မလိုအပ်ဘဲ လူစုလူဝေးရှိတဲ့ နေရာတွေ မသွားဖို့၊ အိမ်မှာပဲ Self-Quarantine လုပ်ကြဖို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။
အခုဖော်ပြပေးမှာကတော့ ကမ္ဘာတဝှမ်းက အနုပညာရှင်တွေ COVID-19 ကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
(၁) Camila Cabello
အဆိုတော် Camila Cabello ကတော့ အခုလို ကိုရိုနာကာလမှာ သူ့ရဲ့ Self Quarantine ပြုလုပ်ပုံကတော့ ယောဂကျင့်တာ၊ တရားထိုင်တာတို့ ဖြစ်တယ်လို့ သူ့ ပရိသတ်တွေကို ပြန်လည် မျှဝေခဲ့ပါတယ်။ တရားထိုင်တာဟာ စိတ်ပိုင်းဆိုင်ရာကိုရော၊ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများတာကြောင့် ဒီကာလ မတိုင်ခင်တည်းက ပြုလုပ်ဖြစ်တာလို့လည်း ဆိုပါတယ်။
(၂) Brad Pitt
မင်းသားကြီး Brad Pitt ရဲ့ Self-Quarantine ကတော့ အခုလိုအချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ အစားအစာတွေ များများစားဖြစ်တယ်လို့ ဆိုပါတယ်။ တနေ့လုံးနီးပါး မုန့်တွေ၊ ဖျော်ရည်တွေကို စားသောက်ပြီး ကောင်းကောင်း ဂရုစိုက်နေတယ်လို့ဆိုပြီး ပရိသတ်တွေကိုလည်း ကိုယ်ခံအားကောင်းအောင် အစားများများစားဖို့ တိုက်တွန်းထားပါသေးတယ်။
(၃) Tom Cruise
မင်းသား Tom Cruise ကတော့ သူ့အနေနဲ့ အလုပ်ကလွဲလို့ အပြင်ထွက်တာမျိုး၊ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာမျိုး သိပ်မရှိတာကြောင့် အခုလို ကိုရိုနာကာလမှာ Self-Quarantine လုပ်တာဟာ သိပ်ပြဿနာ မရှိဘဲ လတ်တလောမှာတော့ အလုပ်တွေ ခဏနားပြီး အိမ်မှာပဲ အနားယူဖြစ်နေတယ်လို့ ဆိုပါတယ်။
(၄) Lady Gaga
အဆိုတော် Lady Gaga ကတော့ အခုကာလမှာ အိမ်ထဲမှာပဲနေပြီး လက် မကြာခဏ ဆေးတာမျိုးက ဖြစ်နိုင်မယ့် နည်းလမ်းတခုလို့ သူ့အနေနဲ့ ယုံကြည်ပြီး လတ်တလောမှာတော့ သူ့ရဲ့ အိမ်မွေးခွေးတွေ၊ မိသားစုဝင်တွေနဲ့ အချိန်တွေကို ဖြတ်သန်းဖြစ်နေတယ်လို့ ဆိုပါတယ်။
Ref. www.insider.com
You may also like these stories:
မင်းသမီး မီဂန်မာကယ်နဲ့အတူ ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းနေတဲ့ Tom Cruise
“Safe Hands Challenge” အတွက် လက်ဆေးပြခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင်များ
COVID-19 ကာကွယ်ရေးအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Arnold Schwarzenegger