မင်းသား လီမင်ဟိုနဲ့ မင်းသမီး ကင်ဂိုအွန်းတို့ ပါဝင်ထားပြီး SBS ရုပ်သံလိုင်းကနေ မကြာခင် ထုတ်လွှင့်တော့မယ့် “The King: Eternal Monarch” ဒရာမာရဲ့ ဇာတ်ညွန်း အပြောင်းအလဲကြောင့် သရုပ်ဆောင် တဦးကို အသိပေးမှု မရှိဘဲ ဖယ်ရှားလိုက်တာကြောင့် ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Market News ကနေ ထုတ်ပြန်တဲ့သတင်းအရ အဲ့ဒီဒရာမာ ထုတ်လုပ်ရေး အဖွဲ့ဟာ ဒရာမာမှာ ကနဦးပါဝင်ဖို့ လုပ်ထားတဲ့ သရုပ်ဆောင်တဦးနဲ့ ထားရှိခဲ့တဲ့ ကတိကို တည်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ကြိုတင်ဆွေးနွေးတာနဲ့ အသိပေးတာမျိုး မရှိခဲ့ဘဲ အဲ့ဒီသရုပ်ဆောင် ပါဝင်မှုကို ပြောင်းလဲလိုက်ကြတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအစား ဒရာမာ ထုတ်လုပ်ရေးအဖွဲ့ဟာ ကြိုတင်အကြောင်းကြားမှု မရှိဘဲ အဲ့ဒီသရုပ်ဆောင်ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်ကောင်အတွက် ပြင်ဆင်ခဲ့ရတဲ့ သရုပ်ဆောင်ရဲ့ အချိန်တွေလည်း အလဟဿ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
သရုပ်ဆောင်တဦးအတွက် အဲ့ဒီလိုမျိုး တော်တော်လေးကို ထူးခြားတဲ့ ဒရာမာတခုမှာ ပါဝင်ဖို့ဆိုတာ ဘဝ တသက်တာမှာ တကြိမ်လောက်သာ အခွင့်အရေး ရှိပါတယ်။ သူပါဝင်ရမယ့် ဇာတ်ရုပ်ရှင်ရဲ့ အရေးကြီးမှု အရွယ်အစားဆိုတာထက် အဲ့ဒီသရုပ်ဆောင်ဟာ ဇာတ်ရုပ်အတွက် ပြင်ဆင်ချိန်ကို အများကြီးပေးဖို့အတွက် တခြား အလုပ်တွေကိုလည်း ငြင်းပယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး ဖြစ်ရပ်ဟာ ကိုရီးယား ဒရာမာ လောကမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်တခုတော့ မဟုတ်ပါဘူး။ အဲ့ဒီလို အလားတူ ကိစ္စတွေဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဲ့ဒီလို ဖယ်ထုတ်ခဲ့ရတဲ့ သရုပ်ဆောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေပါတယ်။ အနုပညာလောကထဲမှာ ရပ်တည်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင်အများစုကတော့ ထုတ်လုပ်သူတွေရဲ့ နောက်ကျောကနေ ဓားနဲ့ထိုးမယ့် အနေအထားမျိုးကို ကြောက်ရွံ့ကြပါတယ်။
“The King: Eternal Monarch” ဒရာမာကို လာမယ့် ဧပြီလ ၁၇ ရက်နေ့ကစလို့ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။ မကောင်းဆိုးရွားတွေ ဖွင့်ခဲ့တဲ့ စင်ပြိုင်ကမ္ဘာ၂ခုကြားက တံခါးတွေကို ပိတ်ဖို့ ကြိုးစားတဲ့ ကိုရီးယား ဧက္ကရာဇ်လီဂွန်းနဲ့ ချစ်တဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားရမယ့် စုံထောက် ဂျောင်ထယ်အွီး တို့ရဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ သတင်းတွေရဲ့ အဆိုအရ ဒရာမာ ထုတ်လုပ်ရေးအဖွဲ့ဟာ အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုထားပါတယ်။
Ref: koreaboo
You may also like these stories:
ကိုရိုနာကြောင့် ရိုက်ကူးရေး မရှိလို့ ကလေးစရိတ် လျှော့ချပေးဖို့ Jeremy Renner တောင်းဆို
နိုင်ငံတကာက အနုပညာရှင်တွေ ကိုရိုနာကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲ