ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် ဒေါင်းရဲ့ မွေးနေ့အတွက် သူ့ရဲ့ပရိသတ်များက ပဲခူးရိုးမ တောင်တန်းဒေသမှာရှိတဲ့ ဓမ္မစေတီတောရ ပရဟိတကျောင်း မြေဧရိယာအတွင်း စုစုပေါင်း ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ အပင်များကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းမှုကတော့ ဒေါင်းရဲ့ ပရိသတ်များဖြစ်ကြတဲ့ Peachicks များ စုပေါင်းပြီးတော့ ပဲခူးရိုးမ တောင်တန်းဒေသ ရေငန်တောင် ဓမ္မစေတီတောရ ပရဟိတ ကျောင်းမြေ ဧရိယာအတွင်းမှာ စိုက်ပျိုးမယ့် ပျဉ်းကတိုး၊ မန်ဂျင်ရှား စတဲ့ သစ်ပင်ပေါင်း ၃၆၀ ကို မတ်လ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ဒေါင်းရဲ့ မွေးနေ့အကြို ကုသိုလ်အဖြစ် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒေါင်းကတော့ အဆိုပါ လှူဒါန်းမှုကို “မွေးနေ့အတွက် အပင် ၃၀၀ ကျော်ကို ကြိုတင်ရည်ရွယ်ပြီး စိုက်ပျိုးထားတဲ့ လက်ဆောင်တဲ့။ တကယ် အမှတ်တရပါပဲဗျာ” လို့ Facebook မှာ ရေးသားထားပါတယ်။
နောက်ထပ် သူ့ရဲ့ပရိသတ်တဦးကလည်း ပန်းချီဆရာမ တဦးထံ ဒေါင်းရဲ့ပုံတူကို အပ်ထားပြီး ပန်းချီဆရာမကတော့ ဘယ်ပုံရေးရမလဲ စဉ်းစားရင်း ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ၅ပါးရဲ့အရိပ်မှာ လုံခြုံနွေးထွေးစေရန် ဆုတောင်းပြီး ပုံ ၅၀ ရေးခဲ့တယ်လို့ သိရပါတယ်။
ဒေါင်းကတော့ မွေးနေ့မှာလည်း အိမ်မှာပဲ နေနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ COVID – 19 ကာကွယ်ရန် ရန်ကုန်၊ ဟယ်လ်ပင်ကလေးဆေးရုံမှ ကလေးများအတွက် ဆွစ်စလန်နိုင်ငံထုတ် သိန်း ၁၄၀ တန် အသက်ရှူစက် ၁ လုံးနဲ့ ၂၅ သိန်းတန် တန်ဖိုးရှိ PPE ကာကွယ်ရေးဝတ်စုံများ၊ စုစုပေါင်း ၁၆၅ သိန်းဖိုး လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
“Go Away Corona” သီချင်းအကြောင်း ပြောပြတဲ့ အဆိုတော် ဖြိုးပြည့်စုံ
COVID-19 ကြောင့် ပြည်ပက ကမ်းလှမ်းထားတဲ့ ရုပ်ရှင်တွေ ရပ်နားထားတဲ့ ပိုင်တံခွန်
COVID-19 ကြောင့် ရိုက်ကူးရေး နားထားစဉ် ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသု