• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ထွက်ရှိလာ

by မစ်ကီ
1 April 2020
in Entertainment
A A
ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် “Corona”

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် “Corona”

7.7k
VIEWS
Share on FacebookShare on Twitter

ကနေဒါနိုင်ငံ၊ Vancouver မြို့အခြေစိုက် ဒါရိုက်တာတဦးရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်တဲ့ ‘Corona’ ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင်ဖြစ်လာတယ်လို့ သိရပါတယ်။ ဒါရိုက်တာ Mostafa Keshvari က သူဟာ အဲ့ဒီဗိုင်းရပ်စ်ကို အကြောက်တရားနဲ့ လူမျိုးရေးခွဲခြားမှုကို ဖော်ထုတ်ဖို့ သင်္ကေတတခုအနေနဲ့ အသုံးပြုချင်ခဲ့ တယ်လို့ The Hollywood Reporter မီဒီယာကို ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာ Mostafa က “ကျနော်က တရုတ်ခရီးသွားတွေ တိုက်ခိုက်ခံရတဲ့သတင်းကို ဓာတ်လှေကားထဲမှာ ရှိနေတဲ့အချိန်မှာ ဖတ်လိုက်ရပြီးတော့ အခုလိုအကြံဉာဏ်ရလာတာပါ။ ပြီးတော့ ဓာတ်လှေကားတစင်းထဲမှာ ရုပ်ရှင်တကားကို ဖန်တီးမယ်လို့ တွေးလိုက်ပါတယ်” လို့ ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ကတော့ ဓာတ်လှေကားတခုထဲမှာ ရောက်နှင့်နေပြီးသားဖြစ်တဲ့ အိမ်နီးနားချင်း ၆ ဦးနဲ့ စတင်ထားပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
580
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
303
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
383

၇ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်တဲ့ တရုတ်အမျိုးသမီးတဦးဟာ အဆောက်အဦထဲကို ဝင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဓာတ်လှေကား ပျက်သွားခဲ့ပြီး အိမ်နီးချင်း ၆ ဦးဟာ လျင်လျင်မြန်မြန်ပဲ ဓာတ်လှေကားထဲ စတင်ရောက်ရှိလာတဲ့ သူကို သံသယဖြစ်လာခဲ့ပြီး အဲ့ဒီအမျိုးသမီးဆီမှာ ဗိုင်းရပ်စ်ရှိနေပြီလို့ ယူဆခဲ့ကြပါတယ်။

ဒါရိုက်တာ Mostafa က “တရုတ်ဗိုင်းရပ်စ်လို့ လူသိများခဲ့တယ်။ ဒါပေမယ့် အခုတော့ လူတိုင်းမှာ အဲ့ဒီဗိုင်းရပ်စ် ရှိနေနိုင်ပြီ။ ဒါကြောင့် ဒါဟာ လူမျိုးတမျိုးရဲ့ ပြဿနာမဟုတ်ပါဘူး။ အခုတော့ လူသားမျိုးနွယ်ဟာ အဲ့ဒီဗိုင်းရပ်စ်ကို အနိုင်တိုက်ဖို့ အားလုံး ပူးပေါင်းခဲ့ကြပါပြီ။ ဗိုင်းရပ်စ်က ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။ ဒါကြောင့် ကျနော်တို့လည်း ဘာလို့ ခွဲခြားဆက်ဆံရမှာလဲ” လို့ ဆိုပါတယ်။

အဲ့ဒီရုပ်ရှင်ကို ကမ္ဘာတဝန်း ပြသခွင့်တွေနဲ့အတူ ဝယ်သူတွေထံ ရောင်းချပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref: cnalifestyle

You may also like these stories:

COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး

COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ

ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း

Your Thoughts …
Tags: ကမ္ဘာ့ပထမဆုံးရုပ်ရှင်ကိုရိုနာဗိုင်းရပ်စ်ထွက်ရှိ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

by Aurora
6 March 2020
10.9k

Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

by မျိုးပပစန်း
6 April 2020
11.2k

တချို့ကုမ္ပဏီများသည် ဆိုင်းငံ့ကာလအတွင်း တောင်းခံသည့် ဝန် ထမ်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

Next Post
ရုပ်ရှင်မင်းသား Andrew Jack

COVID-19 ကြောင့် ‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ကွယ်လွန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုဟာ ခန္ဓာကိုယ်ခုခံအားစနစ်ပေါ်မှာလည်း မူတည်နေတာပါ

ကိုရိုနာကြောင့် သေဆုံးသူများတွင် အမျိုးသမီးထက် အမျိုးသားလူဦးရေပိုများ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate